22.zgi

38 1 0
                                    


အပိုင်း(၂၂)

ဆောင်းသံစဉ်မောင် ဆေးရုံမှာပြန်သတိရလာခဲ့တယ် ဒါပေမဲ့ သူမကိုလာကြည့်မဲ့သူမရှိလေဘူး

သူမ မျက်ရည်တွေလဲမထိန်းနိုင်ဘူး တချိန်လုံးငိုနေမိတယ်

ဒါတွေအားလုံးက ဟိုကောင်မကြောင့်ပဲ ‌အဲ့ကောင်မသာပေါ်မလာရင် သူမက ဒီအတိုင်းလေးဆက်အချစ်ခံရမှာ ဒါမှမဟုတ် အားလုံးက ဝိုင်းချစ်ကြမှာ

သူတို့သမီးမဟုတ်ဘူးဆိုတာသိလိုက်ထဲက သူမကိုအလိုလိုက်ကောင်းကင်ပေါ်တင်ထားတဲ့မိဘတွေရဲ့လုပ်ရပ်က ရပ်တန့်သွားပြီး ထူးဆန်းလာခဲ့တယ် တချိန်လုံး သမီးအရင်းဆိုတာကိုလိုက်ရှာနေပြီး သူမနဲ့စတင်ဝေးကွာလာခဲ့တယ်

သူမကိုချောင်ထိုးထားပြီး သွေးသားရင်းကိုပဲလိုက်ရှာနေတဲ့မိဘတွေကြောင့် ကောင်းကင်ဘုံကနေ ငရဲကို သတိပေးချက်မရှိပဲ တန်းရောက်သွားသလိုမျိုး သူမရင်တွေကွဲခဲ့ရဝာာ အဲ့တော့ သူမရပိုင်ခွင့်ရှိတဲ့အခွင့်အရေးကိုပြန်လိုချင်မိတာ သူမအပြစ်လား သူမနဲ့သက်ဆိုင်တဲ့သူတွေရဲ့အချစ်ကိုရနိုင်ဖို့ပြန်ကြိုးစားမိတာ သူမ အမှားလား

နောက်တခါထပ်ဆုံးဖြတ်ပိုင်ခွင့်ရှိရင်လဲ သူမ ဒီအတိုင်းပဲ ထပ်လုပ်ဦးမှာပဲ ဒီလုပ်ရပ်ကို သူမ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး

"ကျွီ......."

"ဟင်? မင်းဧကရာဇ်"

"အဟက် ... မင်းကဒီမှာလာဇိမ်ကျနေတာပဲ "

"ဟင်....."

မင်းဧကရာဇ်က အေးစက်တည်တင်းလွန်းကာ ပုံမှန် စပ်ဖြဲဖြဲပုံစံနဲ့ကွဲထွက်နေလေတယ်

ဒေါသတွေထွက်နေတဲ့ဟန်နဲ့ အံကြိတ်ထားတဲ့ကြားက ထွက်လာတဲ့လေသံ

ဒါက မြတ်ပန်းဝေအတွက်ပဲလား

သူမ စကားပြောမလို့ ပါးစပ်ဟရုံရှိသေး အခန်းထဲကိုလူနှစ်ယောက်ထပ်ဝင်လာခဲ့တယ်

ဆောင်းသံစဉ်မောင် ရုတ်တရက်ကြောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်တော့တယ်

"နင်! နင် ! ဘာလုပ်ချင်တာလဲ "

"ဘာမှမလုပ်ချင်ပါဘူး မင်းလုပ်တဲ့အတိုင်းပဲပြန်လုပ်မှာပါ စိတ်မပူနဲ့"

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now