15.zgi

43 0 0
                                    


အပိုင်း(14)

ဒီဟာလေးကတော့ ဘာလို့အဲ့လောက်ထိ ချစ်ဖို့‌ကောင်းနေရတာတုန်း သူကိုက်စားပစ်လိုက်ရ....

သူမလေးရဲ့အူကြောင်ကြောင်မျက်နှာပေးလေးကလဲ ကျိန်းသေချစ်ဖို့ကောင်းနေမှာပဲ

Sky ယုန်မလေးရဲ့လက်နှစ်ဖက်ကိုအတင်းဆုပ်ကိုင်လိုက်ကာ သူ့လက်တဖက်နဲ့ဖိထားလိုက်တယ်

နောက်တဖက်က ယုန်မလေးရဲ့မေးစေ့ကိုပင့်မော့လိုက်လေရဲ့

သူမလေးရဲ့ပါးနှစ်ဖက်လုံးကပန်းသွေးခြယ်လို့ အချိန်အနဲငယ်အုပ်ထားတာကြောင့် မျက်ဝန်းတွေကဝေဝါးနေဟန် သူ့ကိုမော့ကြည့်လာတော့ skyရင်ထဲမှာလှိုင်းတချို့ထသွားရလေတယ်

အရမ်းကိုလှပနေရောပဲ

အရမ်းကိုချစ်ဖို့ကောင်းနေရော

သူ နမ်းချင်လာခဲ့တယ် ဒါကိုယုန်မလေးကလဲသိပုံပဲ သူ့ကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေခဲ့တယ်

ဒါပေမဲ့ သူ မနမ်းနိုင်ခဲ့ပါဘူး

အဲ့ဒီအစား သူမကိုဘေးစောင့်တွန်းလိုက်ကာ အောက်ဆင်းသွားလိုက်တော့တယ် သူ့နားထဲမှာတော့ သူမလေးဆိုခဲ့တဲ့သီချင်းသံကစွဲမြဲသွားလေပြီ

တခြားမိန်းကလေးတွေကို သူ နမ်းတာမက တခြားအရာတွေပါလုပ်နိုင်ပေမဲ့ သူမလေးကိုတော့ သူ မလုပ်နိုင်ခဲ့ဘူး

အောက်ပြုတ်ကျသွားလို့ မြှီးညောင့်ရိုးနာသွားတဲ့မြတ်ပန်းဝေက သူမလက်ကောက်ဝတ်ကအညိုအမဲအစွဲတွေကိုကြည့်လိုက်မိတယ်

"သူဘာလုပ်ချင်တာလဲ သူဘာဖြစ်ချင်တာလဲ "

အဲ့နေ့တွေနောက်ပိုင်းမှာလဲ sky ကယုန်မလေးကိုမချဉ်းကပ်တော့ဘူး ဒါပေမဲ့ သူမလေးမြင်အောင်တော့ အချိန်မှန်အတန်းဝင်လေတယ်

အဲ့ဒါနဲ့ပဲ ကြည့်တဲ့သူနဲ့ အကြည့်ခံချင်တဲ့သူ စည်းတွေဝါးတွေကိုက်နေတော့တယ်

ဒီနေ့တော့ ကျောင်းပိတ်ရက်မို့ ဒီဘက်အိမ်မှာ မြတ်ပန်းဝေတစ်ယောက်ငါးဆားနယ်လေးလုပ်နေလေတယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiNơi câu chuyện tồn tại. Hãy khám phá bây giờ