35.

79 8 0
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(35)

ငါတောင်းပန်ပါတယ်

ငါ ဘယ်လိုမှမတတ်နိုင်လို့ပါဟယ်

ငါ လုံးဝ မတတ်နိုင်တော့လို့ဒီလမ်းရွှေးလိုက်ရတာပါ

ပါးစပ်ထဲမှာ စိတ်ထဲမှာ လည်ချောင်းထဲမှာ စကားတွေအပြည့်ရှိပေမဲ့ မြတ်ပန်းဝေ လုံးဝမပြောရက်ဘူး ပြောမထွက်ဘူး

အဆုံးသတ်ကျ အရာအားလုံးကဆင်ခြေတွေသာဖြစ်သွားမှာကိုး

"ငါ.. ငါလေ .... "

"ထွက်သွား! "

"........"

ငါ နင့်ကိုတကယ်ချစ်တာပါဟယ် ဒါပေမဲ့ ငါဖွင့်ဟလို့မရဘူး နင့်ရဲ့နာကျင်နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတော့ ငါဘယ်လိုလုပ်ဒီလမ်းကိုဆက်လျှောက်နိုင်တော့မှာလဲ

မြတ်ပန်းဝေ နောက်ဆုံးကျ ဘာမှမပြောနိုင်ပဲ အခနး်ထဲသာပြန်ရောက်သွားခဲ့တော့တယ်

"ဒေါက် ဒေါက် "

အခနး်တံခါးက နှစ်ချက်မြည်ပြီးတာနဲ့ မြတ်ပန်းဝေသွားမဖွင့်ပေးပဲ အပြင်ကနေ ပွင့်လာခဲ့တယ်

"မြတ်ကလေး ထမင်းစားရအောင်လေ "

ခေါ်လာသူက မြတ်ဘုနး်သျှန်

သူဝင်လာတာနဲ့ယုန်မလေးလိုမျက်လုံးလေးတွေနီနှာ‌ေခါင်းလေးတွေနီနေတဲ့မြတ်ပန်းဝေကိုတွေ့လိုက်ရတယ်

မြတ်ဘုနး်သျှန် ရင်တခုလုံးအကြောင်းပြချက်မရှိလေးလံသွားလေတယ် အဲ့ကို မြတ်ကလေးအပေါ်ထားတဲ့သူ့ရဲ့စိုးရိမ်စိတ်လို့ပြောရမလား

"ဘာလို့ငိုနေတာလဲ ကလေးလေးရဲ့ ခေါင်းတွေကိုက်ကုန်မှာပေါ့ ရေလဲမချိုးရသေးဘူးထင်တယ် ရေအရင်ချိုးလိုက်ပြီးရင် အောက်မှာထမင်းလာစား ပြီးရင် ကိုကြီးကဆေးတိုက်မယ် ဆေးသောက်ပြီးရင်တော့ ဘာမှမတွေးပဲစောစောအိပ်တော့နော် "

မြတ်ပန်းဝေက ‌ေ‌စာနက တစိမ့်စိမ့်နဲ့ငိုနေတာ ဒ‌ါပေမဲ့ မြတ်ဘုန်းသျှန်ဝင်လာပြီး လာချော့တဲ့အခါမှာတော့ သူမအရမ်းအော်ငိုတော့တယ်

သူမရဲ့ငိုသံအကျယ်ကြီးကြောင့် မြတ်ဘုန်းသျှန်လဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတော့တယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now