7.

147 16 4
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(7)

မြတ်ဘုန်းသျှန်ကို သူမအကိုလိုမြင်လာပြီး မယ်ရီဆူးကြောင့်ဒုက္ခရောက်မှာကိုမမြင်ချင်ဘူး

ဒါကြောင့်ပဲ သူမ မလိုအပ်ပဲဂျစ်တိုက်နေမိတာ

တဖက်မိန်းကလေးကလဲ ဒီမိနး်က‌လေးက သူမအပေါ်မကြည်လင်ဘူးဆိုတာသိလိုက်ရတယ်

ခုမှပထမဆုံးတွေ့ဖူးတာကြောင့် သူမလဲ ပြသနာလုပ်မနေတော့ဘူး  အပြင်က အကိုဖြစ်သူရဲ့မတရားအလိုလိုက်မူ့ကို ခံထားတဲ့ ချမ်းသာတဲ့အိမ်က မမလေးပဲနေမှာပေါ့

ဒါပေမဲ့လဲ သူမ မနာလိုတော့ဖြစ်မိလေတယ် သူမကတစ်ကောင်ကြွက်မို့ချစ်တဲ့သူမရှိတာကြောင့် သူမကအချစ်ခံရတဲ့ခံစားချက်ကိုသဘောကျလေတယ် အထူးသဖြင့် ယောကျာ်းလေးတွေရဲ့ယစ်မူးပျော်ဝင်နေတဲ့အကြည့်နဲ့ကြည့်ခံရတာကိုပိုသဘောကျလေတယ်

စောနက တစ်ယောက်ကတော့ သူ့မျက်လုံးတွေက ကြည်လင်နေပြီးသန့်စင်နေလေတယ် သူမရဲ့အလှကြောင့် အံဩမူ့တစက်တောင်ရှိမနေပဲ အာသဝေါကုန်ခမ်းနေသလိုမျိုး ဒါပေမဲ့ ညီမဖြစ်သူအကြောင်းပြောလာချိန်မှာတော့ အဲ့သန့်စင်ကြည်လင်တဲ့မျက်ဝန်းထဲ နွေးထွေးတဲ့အလင်းစက်တချို့က မှောင်မဲတိတ်ဆိတ်တဲ့ညအလယ်မှာပိုးစုန်းကြူးတို့လင်းလက်လာသလိုမျိုး ကူကယ်ရာမဲ့စွာနဲ့အနှိုင်းမဲ့မြတ်နိုးခြင်းတို့ရှိနေလေတယ်

"မြတ်ဘုန်းသျှန်...... "

ရှင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ....

ထိုသူ့ရဲ့နာမည်ကအစမြင့်မြတ်တော်ဝင်ဆန်ပြီး ပါးစပ်ဖျားမှာခေါ်လိုက်တဲ့အချိန် ထူးခြားတဲ့ရသကိုခံစားရလေတယ်

နှင်းဒီဇင်ဘာက နှုတ်ခမ်းတို့တွန့်ကွေးကာပြုံးလိုက်မိတယ်

မချစ်တတ်သေးတဲ့လူတစ်ယောက်ရဲ့နှလုံးသားကိုအရောင်ခြယ်ရတာလောက်စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ထပ်မရှိတော့ဘူးလို့သူမထင်လေတယ်

"ရှင်ကြွေကျမြေခလာပြီးကျွန်မရဲ့ခြေထောက်အောက်ဝပ်စင်းလာတဲ့အချိန် ရှင့်ရဲ့အဲ့ဒီမာနကြီးသန့်စင်တဲ့မျက်ဝန်းတွေညစ်ထေးလာတဲ့အခါ အရမ်းကြည့်ကောင်းမှာပဲ မြတ်ဘုန်းသျှန် ကျွန်မရှင့်ကိုဒီ‌ေန့ကစလိုက်တော့မယ် "

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now