အပိုင်း(34)
"နင်တကယ်လုပ်ရဲလို့လား"
မြတ်ပန်းဝေ စိန်ခေါ်လိုက်ပြီးနောက် နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက်အတန်ကြာစိုက်ကြည့်နေကြလေတယ်
မြတ်ပန်းဝေက ဒေါသထွက်နေပေမဲ့ စောနကငိုထားတဲ့အရှိန်ကြောင့် မျက်ဝန်းလေးတွေ နှာခေါင်းလေးတွေနီရဲနေကာ သနားစရာကောင်းလို့နေတယ်
ဒါပေမဲ့ ခေါင်းကြောမာတဲ့တစုံတယောက်ကလုံးဝအလျှော့မပေးချင်တာကြောင့် မျက်ရည်ခနေတဲ့မျက်ဝန်းလှလှလေးတွေနဲ့သူ့ကိုစိုက်ကြည့်နေသတဲ့
မင်းဧကရာဇ်ကဦးစွာမျက်နှာလွှဲလိုက်ပြီး သက်ပြင်းရှည်ကိုမှုတ်ထုတ်လိုက်ကာ လက်မြေုာက်အရှုံးပေးလိုက်လေတော့တယ်
"ကောင်းပြီ မင်းနိုင်တယ် မြတ်ကလေး ငါတော့ မင်းကိုတကယ်မနိုင်တော့ဘူး "
"......"
"ချစ်လို့အလျှော့ပေးလိုက်တယ်မှတ်နော် မြတ်ကလေး "
"......"
"အ'သွားတာလား"
"နင်တကယ်အဲ့လိုလုပ်မှာလား"
"မလုပ်တော့ရော နင်က ငါတို့ဆီမှာအမြဲရှိနေမှာလား"
မြတ်ပန်းဝေ စဉ်းစဉ်းစားစားနဲ့ခေါင်းခါလိုက်လေတယ်
အဲ့နေ့ကမင်းဧကရာဇ်က မြတ်ပန်းဝေကိုတကယ်ကြီးအိမ်ပြန်ပို့ပေးလာတယ်
ဧည့်ခန်းမှာစုနေတဲ့လူတွေအားလုံးကလဲသူမကိုတွေ့တော့ သက်ပြင်းချကြတယ်
နှစ်ယောက်သားအတူပြန်လာကြတာမို့ မိဘတွေကလဲစုံနေပြီး သူတို့ဘာဆက်ပြောမလဲဆိုတာကို နားစွင့်လို့နေကြတယ်
Sky က လက်ဆယ်ချောင်းကိုယှက်ဖြာထားရင်း ပေါင်ပေါ်တင်ထားကာ အနဲငယ် ဂနာမငြိမ်ဖြစ်လို့နေတယ်
မြတ်ဘုန်းသျှန်ကတော့ လက်တော့ပေါ်ကကျော်ပြီးသူတို့နှစ်ယောက်ကိုကြည့်နေလေရဲ့
အားလုံးရဲ့အကြည့်တွေကသူတို့ဆီရောက်နေပေမဲ့လဲ မင်းဧကရာဇ်က ခပ်တည်တည်ပဲ
YOU ARE READING
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantasyကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...