38.zgi

18 0 0
                                    


အပိုင်း(38)

မြတ်ပန်းဝေ လျှပ်စစ်ရှော့သုံးကြိမ်ခံရလိုက်တယ်

ဆေးရုံကအဆင်သင့်ဆိုတော့ မြတ်ပန်းဝေ‌မေ့လဲသွားတာနဲ့ ကုသခန်းထဲတန်းရောက်သွားတော့တာပဲ

"အံဩစရာကောင်းလိုက်တာ လူနာက ဓာတ်လိုက်ထားတဲ့လက္ခဏာတွေပြနေတယ် "

ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စရပ်တခုဆိုပေမဲ့ မင်းဧကရာဇ်ကတော့နားလည်နေခဲ့တယ်

အရင်တခါက ပျောက်ကွယ်လုနီးပါးဖြစ်ပြီး အခုတော့ ဓာတ်ပါလိုက်နေရပြီလား နောက်တခါဆိုဘာဖြစ်မှာလဲ

မင်းဧကရာဇ်အံကြိတ်လိုက်တယ်

သူမဘာလုပ်ချင်နေတာလဲ သူမရဲ့မိသားစုကိစ္စက သူမရဲ့အသက်ထက်ပိုအရေးကြီးနေတာလား ဒါမှမဟုတ် တစုံတယောက်ကြောင့်များလား

အဲ့တစ်ယောက်က skyလား

မြတ်ပန်းဝေ နှစ်ရက်မကလှဲလျောင်းနေရတဲ့အချိန်မှာ နှင်းဒီဇင်ဘာက အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ပြီးထွက်ပြေးသွားရလေတယ်

"တီ တီ တီ ဒီကမ္ဘာရဲ့ဇတ်ကြောင်းပြိုလဲသွားပါပြီ တီ တီ တီ "

"တီ တီ တီ ဒီကမ္ဘာရဲ့ဇတ်ကြောင်းပြိုလဲသွားပါပြီ တီ တီ တီ "

"တီ တီ တီ ဒီကမ္ဘာရဲ့ဇတ်ကြောင်းပြိုလဲသွားပါပြီ တီ တီ တီ "

မြတ်ပန်းဝေရဲ့ခေါင်းထဲမှာလဲ ဇတ်ကြောင်းနဲ့ပတ်သတ်တဲ့အသံဗလံတွေကဆူညံနေပြီး အဲအသံတွေကြောင့်နေ့တိုင်းခေါင်းကိုက်နေရတယ်

လေးရက်မြောက်နေ့မှာတော့ ဇတ်ကြောင်းပြိုလဲသွားမူ့ကြောင့် သူမခေါင်းထဲကအသံက သူမကိုအသိပေးလာခဲ့တယ်

"ဇတ်ကြောင်းပြိုလဲမူ့ကြောင့် အချို့setting တွေယိုယွင်းသွားပါတယ် စာရေးသူကလဲ အရမ်းကိုစိတ်ဆိုးနေတာကြောင့် ဒီကမ္ဘာကိုအဆက်အသွယ်ဖြတ်ပစ်လိုက်ပါတယ် စည်းမျဉ်းစည်းကမ်းတွေကိုကိုင်တွယ်တဲ့စာရေးသူမရှိတော့တာကြောင့် ဒီကမ္ဘာက နောက်တလဆိုပြိုလဲပါတော့မယ် ကူးပြောင်းသူ တလအတွင်း သေဆုံးဖို့အဆင်သင့်ပြင်ထားပါ "

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now