43.

63 6 4
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(43)

"ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ "

"ဘာဆက်လုပ်ရမှာလဲ ငါ့ကိုကန်ထုတ်တဲ့အဲ့ကောင်မကို အပြတ်ရှင်းရမှာပေါ့ ငါရဲ့အစီအစဉ်တွေအကုန်ပျက်စီးတာအဲ့ကောင်မကြောင့် ဘာဖြစ်နေနေ အဲ့ကောင်မကို ရအောင်သတ် နင့်ဇနီးနဲ့နင့်ကလေးငါ့ဆီမှာရှိသေးတာကိုသတိရ ဟမ့် "

"ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ် "

"နားလည်ရင်အကောင်းဆုံးပဲ"

နှင်းဒီဇင်ဘာတစ်ယောက် ဒေါသတွေထွက်လွန်းမကထွက်လွန်းလို့နေတယ်

အဲ့ကောင်မကဘာလို့ သူမရဲ့အေးချမ်းတော့မဲ့ဘဝကိုဖျက်စီးရတာလဲ ကိုမြတ်ကသူမကိုလက်ခံနေပြီကို

အမှန်ကတော့ အကြံကြီးတဲ့နှင်းဒီဇင်ဘာတစ်ယောက် ရှုံးမဲ မဲနေတာပဲဖြစ်လေတယ်

သူမကိုယ့်ဘာကိုယ်မသိပေမဲ့ ဒီပွဲက အစထဲက သူမဟာမဟုတ်လေဘူး

ဒါ‌ကြောင့်ပဲ မွန်မြတ်နေရမဲ့ဇတ်လိုက်မင်းသမီးဆိုတဲ့ဇတ်ရုပ်ကိုမှန်ကန်အောင်မကနိုင်ခဲ့တာပဲဖြစ်လေတယ်

သူမသာ တစ်ယောက်ထဲကိုပဲပစ်မှတ်ထားခဲ့ရင် စိတ်ထားမယုတ်မာခဲ့ရင် မြတ်ဘုန်းသျှန်ကိုရကောင်းရနိုင်လိမ့်မယ် ဒါပေမဲ့ မြတ်မိသားစုရဲ့အသည်းအသက်လေးကိုမှသွားထိမိတာဆိုတော့လဲ သူမအတွက်အရှူံးတွေချည်းပဲဖြစ်ပေါ်လာစေတယ်

ဒါကိုသူမကလက်မခံနိုင်ဘူးဆိုတော့ ဆိုးဝါးတဲ့အရာတွေဖြစ်လာစေတော့တယ်

သူမတွေးလေဒေါသထွက်လေ ဒေါသပိုထွက်လာလေ သူမပိုလိူ့အားမရလေပဲ မြတ်ပန်းဝေသာ အဲ့မတော်တဆမူ့မှာတန်းသေသွားရင်ကောင်းမှာကို ဟို sky ဆိုတဲ့ကောင်ဝင်ရှုပ်လိုက်တာနဲ့ပဲ အားလုံးပေါ်ကုန်ပြီ

"ဟို‌skyဆိုတဲ့ကောင်ဝင်ရှုပ်ရင် ဒီတခါ အဲ့ကောင်ကိုပါသတ်ပြီးလတ်စဖျောက်ခဲ့ကြားလား"

"ဟုတ်ကဲ့"

"အရေးအကြီးဆုံးက ငါဆိုတာမပေါ်စေနဲ့ မဟုတ်ရင် မင်းရဲ့ဇနီးနဲ့ကလေးကို ငါ သတ်ပစ်လိုက်မယ် ကြားလား "

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now