အပိုင်း(၁၃)

156 13 2
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(၁၃)

ဘယ်လိုတောင် အပျက်ဆန်လိုက်လဲ အခုလို ကန်ပြတယ်ဆိုတာကလဲ လူပိုသိလာအောင် for show ပဲနေမှာပေါ့ မိန်းမတွေများအန်ချင်စရာကောင်းချက်

Sky ဆက်မကြည့်ချင်တေ့ာလို့ မျက်နှာလွှဲလိုက်တော့ မင်းဧကရာဇ်ကိုတွေ့လိုက်ရတယ်

ဒီစိတ်ရှုပ်စရာကောင်းတဲ့ကောင်ကတော့ ဘယ်လိုအကြည့်နဲ့ကြည့်နေတာလဲ အဲ့မျက်လုံးတွေကိုဖောက်ထုတ်ပစ်လိုက်ရ ..

Sky ဒေါသထွက်ထွက်နဲ့လှည့်ထွက်သွားလေတယ်

အဲ့ဒေါသကညနေအထိမပြေလို့ မနက်ကမြတ်ပန်း‌ေဝရဲ့အကန်ခံလိုက်တဲ့ကောင‌်လေးခမျာ ညနေမှာလဲ ကံဆိုးသူမောင်ရှင်ဖြစ်သွားလေတော့တယ် သူ့ခမျာ ဆေးရုံတောင‌်ရောက်သွားလေရဲ့

မိဘတွေကဘယ်လိုမေးမေးမဖြေရဲပဲ သူ့နားထဲကြားနေတာက အေးစက်စက်ခြိမ်း‌ေ‌ခြာက်စကားသံတွေသာ

ဘုရားရေ အရမ်းလှတဲ့ လူသတ်သမားဆိုတာကို ရုပ်ရှင်တွေထဲမှာပဲသူမြင်ဖူးတာ အခုတော့လက်တွေ့ကြုံလိုက်ရပြီ ဒီမြင်ကွင်း ဒီခံစားမူ့ကိုဒီတသက်‌ သူတော့မေ့နိုင်ပါတော့မလား

သူ မေ့မလား မမေ့ဘူးလားဆိုတာကိုစိတ်မဝင်စားတဲ့ sky ကအိမ်ပြန်သွားခဲ့လေတယ် မှောင်မဲနေတဲ့အိမ်ကကြီးမားလှပေမဲ့ အထီးကျန်ဆန်လွန်းလှလေတယ်

အလုပ်သမားတွေလဲအားလုံးနားကြပြီ သူအိမ်မကြီးတံခါးကိုဖွင့်ဝင်လာတော့ အထဲကလေကအစအေးစက်နေလေတယ်

မျှော်လင့်ထားတာမရှိပေမဲ့ တကယ်တမ်းကြတော့လဲ သူစိတ်ပျက်နေမိတုန်းပဲ

ဒီနေ့ကသူ့မွေးနေ့

ဒါပေမဲ့ ဒီအိမ်ကြီးက သူ့ကိုအေးစက်စက်ပဲ ကြိုဆိုလေတယ်

Sky ဆိုဖာဘက်ကိုသွားလိုက်တယ် ဒါပေမဲ့ လမး်မှာအကုန်ဝင်တိုက်ပြီးတော့မှပဲရောက်တယ်

သူ့ခြေထောက်မှာသွေးထွက်သွားလေတယ် ဒါပေမဲ့ သူဂရုမစိုက်ပဲဆိုဖာပေါ်လှဲချလိုက်ကာမျက်စိမှိတ်ထားလိုက်‌ေတာ့တယ်

မှောင်မဲနေတဲ့အိမ်ကြီးထဲမှာ သူ့ရဲ့ အသက်ရှူသံသဲ့သဲ့သာရှိနေလေတယ် အရာအားလုံးကတိတ်ဆိတ်ပြီး သူ့ရဲ့စိတ်နဲ့ကမ္ဘာကြီးတခုလုံးမှာလဲ အလင်းရောင်သဲ့သဲ့လေးတောင်မရှိလေဘူး

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiOnde as histórias ganham vida. Descobre agora