9.zgi

55 0 0
                                    


အပိုင်း(၉)

ဘယ်လိုလေးလဲ ...
အူကြောင်ကြောင်လေးနဲ့ချစ်ဖို့မတရားကောင်းလိုက်တာကွာ
ပြီးတော့ သူမရဲ့ချိုချဉ်နံ့လေးကလဲလူကိုအရမ်းစွဲလန်းစေတာပဲ

Sky က သူ့အရပ်တဝက်တောင်မရှိတဲ့လူသေးသေးလေးကိုပဲမျက်စိမလွှဲနိုင်လိုက်ကြည့်နေခဲ့တယ်

အဲ့လူသေးသေးလေးက လူသေးသလောက် အပြုံးကတော့ကြီးမှကြီး အမြဲပြုံးရယ်နေပြီးတော့ ဘာမြင်မြင်သဘောကျ ဘာတွေ့‌တွေ့အံဩနေတော့တာ

လူကြီးတွေကိုလဲကူညီတတ်ရဲ့ ကလေးတွေကိုလဲချစ်တတ်ရဲ့ ကိုယ်ဝန်ဆောင်တွေကိုလဲဖေးမတတ်ရဲ့ သက်ကြီး‌ရွယ်အိုတွေကိုလဲ ဖေးမနိုင်သေးတယ်

ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံနေတဲ့လူသေးသေးလေးက နေခင်းကြောင်တောင်မှာတောင် လင်းလက်တောက်ပနိုင်တုန်းပဲ

တစ်ယောက်ထဲ သွားတယ် လာတယ် စားတယ်‌ သောက်တယ်

မကြောက်မရွံ့နဲ့ လူသေးသလောက် သတ္တိကတော့ မိုးလောက်ကြီးတယ်နေမှာ

Sky  အဲ့မိန်းကလေးကိုငေးကြည့်ရင်း ဒီနေ့ အကြိမ်ကြိမ်ပြုံးမိတယ်ဆိုတာကိုသတိထားမိတယ်

သူ့စိတ်တွေလဲတော်တော်ရွှင်ရွှင်ပျပျရှိတယ်ဆိုတာကိုပါ သဘောပေါက်သွားလေရဲ့

ဒါဆို သူအဲ့မိန်းကလေးကို သူ့နားခေါ်ထားသင့်ပြီလား

Sky မျက်နှာချက်ချင်းအိုစာသွားကာ ဒေါသထွက်သွားလေတယ်

ဟားး သူ့လိုကောင်ကလား အချစ်တဲ့လား အလကား ဟာသတွေ

မိန်းကလေးတွေအားလုံးကလဲ သူ့နားကပ်လာတာ သူ့ရဲ့မျက်နှာနဲ့ငွေကြောင့်ပဲ လိုတာရရင် တချက်တောင်မလှည့်ကြည့်ပဲထွက်သွားကြတာချည်းပဲ

အဲ့ဒါ‌တွေကသူ့စိတ်မှာ ဒဏ်ရာလိုဖြစ်နေပြီးသား အချစ်ဆိုတာကိုထပ်မယုံရဲတော့သလို ယုံလဲမယုံချင်တော့ဘူး ဘာအချစ်လဲ ထွီးးး အဲ့ဒါအားလုံးက အတုအယောင်တွေချည်းပဲ

သူ‌ဒေါသထွက်သွားပေမဲ့ ဟိုလူသေးသေးလေးကိုတော့ငေးကြည့်နေတုန်းပဲ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ခပ်ချောချောလူငယ်တစ်ယောက်က အဲ့ပိစိကွေးလေးနားကိုရောက်လာလေတော့တယ် လူပိစိလေးက‌လဲ အဲ့လူငယ်လေးရဲ့လက်မောင်းကိုဖက်လိုက်ကာ ပျော်ပျော်ရွှင်ရွှင်ထွက်သွားကြလေရဲ့

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now