အပိုင်း(၁၈)

134 12 3
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(၁၈)

"မြတ်ကလေး "

"ရှင် ကိုကြီး"

"ချစ်သူရနေပြီလား "

ချစ်သူလား? တဖက်သတ်စွဲလန်းရတဲ့သူကိုချစ်သူလို့ခေါ်လို့ရပါ့မလား

"မရှိဘူးကိုကြီး"

"ချစ်သူမထားနဲ့ဦးနော် မြတ်ကလေးကအရမ်းငယ်သေးတယ် တော်ကြာ သူများတွေကမြတ်ကလေးကိုအမြတ်ထုတ်သွားရင်ဘယ်နှယ်လုပ်မလဲ "

"ဟုတ် "

"ဂတိနော် "

"ဂတိ"

ဟိုတစ်ယောက်ကိုကြိုက်နေတာဆိုပေမဲ့ လူဆိုးလဲဖြစ်ပွေကလဲပွေသေးတာဆိုတော့ သူမပတ်သတ်ဖို့အတွေးရှိမနေတာကြောင့် ခပ်လွယ်လွယ်ပဲ ကတိပေးလိုက်မိတယ်

မြတ်ဘုန်းသျှန်က မြတ်က‌လေးကို ခေါင်းပွတ်ပေးလိုက်တယ်

သူတော့ ရင်ပူရလွန်းလို့သေတော့မှာပဲ

မြတ်ကလေးမှာ ပုလဲလိုဖွေးတဲ့အသားအရေ

ကြယ်စင်တန်းကြီးလိုတောက်ပတဲ့မျက်ဝန်းတွေ နဲ့ စတော်ဘယ်ရီလိုနီရဲလှတဲ့နှုတ်ခမ်းဖူးဖူးလေးတို့အပြင် လက်တကိုင်စာတောင်မရှိတဲ့ခါး

အရာရာအားလုံးက သေးသေးလေးတွေချည်းပဲ မြတ်ကလေးရဲ့လက်ကိုကိုင်လိုက်ရင် သူ့ရဲ့ဝက်ဝံလိုလက်ဝါးကြီးထဲမှာ လက်သေးသေးလေးကပျောက်သွားရော

ဖယောင်းလိုပျော့ပျောင်းတဲ့လက်သွယ်သွယ်လေးတွေကလဲ အားနည်းနည်းထည့်မိလိုက်ရင်တောင် မတော်တဆချိုးမိသွားနိုင်သလို နုနယ်လွန်းလှတယ်

အဲ့လို ရတနာလေးကို တခြားတစ်ယောက်က ဖက်မှာ ထိမှာ နမ်းမှာ သူမြင်ရင် သတ်ပြီးထောင်ထဲကို‌ဝင်မိမလားပဲ

"မြတ်ကလေး"

"ရှင် ကိုကြီး"

ဝရံတာရဲ့လက်ရမ်းတွေကြားထဲ ခြေထောက်ထည့်ထားပြီး လေထဲတွဲလန်းလွှဲနေရင်း အောက်က ပန်းခြံကိုကြည့်နေတဲ့မြတ်ကလေးက ဘေးနားက ထိုင်ခုံမှာထိုင်နေတဲ့သူ့ကိုကြည့်လာတယ်

အဲ့ဒီမျက်ဝန်းတွေကဖြူစင်လွန်းလို့ သူ့မှာ ဘာမှဆက်မပြောနိုင်ပဲ သက်ပြင်းသာချမိတော့တယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now