အပိုင်း(6)

162 16 7
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(6)

အခု ဒီတစ်ယောက်အသံနားထောင်ရင်း သူ့ရဲ့နှလုံးသားထဲကို ရေတံခွန်လိုမျိုး တစုံတခုက တိတ်တိတ်လေးစီးဆင်းလာကာ သူ့နှလုံးသားကိုဖာထေးပေးနေတော့တယ်

အတန်ကြာတော့ သူလဲငြိမ်သက်သွားတယ် မမြင်ရပေမဲ့လဲ သူ မကြောက်တော့ဘူး သူမကတကယ်ကြီးသူ့ကိုစိတ်ငြိမ်အောင်လုပ်ပေးနိုင်တာပဲ အပြင်ရောက်ရင်တော့ သေချာဆုချပေးရမယ်

Sky တွေးနေတုန်းမှာပဲ သူအခြေအနေကောင်းသွားတာကိုသိသွားတဲ့ အဲ့မိန်းကလေးက ရုတ်တရက်ထပြေးသွားပြီး တံခါးကို‌ေတာ့ဖွင့်ပေးခဲ့လေတယ်

Sky "........."

ဟင် ? အဲ့တစ်ယောက်က အခု ထွက်ပြေးသွားတာလား?

သူ့ကိုထားခဲ့ပြီးတော့လား?

ဘာမှမလိုချင်ဘူးလား?

ဘာကြောင့်ထွက်ပြေးသွားတာလဲ?

သူ့ကို မသိတာလား

မဖြစ်နိုင်ဘူး သူကအရမ်းလူသိများတဲ့ကျောင်းမြက်လေးပဲကို

မေးခွန်းအမှတ်အသားအများကြီးခေါင်းပေါ်တန်းစီရောက်လာတဲ့ sky တစ်ယောက် သတိရလို ဝုန်းခနဲထကာ ဝရံတာတစ်လျှောက်ကြည့်မိလိုက်တော့ ဘယ်သူမှမသိ သူ့ကိုနှုတ်ဆက်နေတာက ဆောင်းရာသီရဲ့လေအေးအေးများသာ

သူ့နားရွက်ပေါ်မှာကျန်ခဲ့တဲ့သူမရဲ့လက်က‌အနွေးဓာတ်ကြောင့်သာမဟုတ်ရင် သူ ဒီအဖြစ်အပျက်ကို အိမ်မက်လို့ထင်မိတော့မလို့

ဒါပေမဲ့ ဝရံတာလျှောက်လမ်းမှာတော့ ဘယ်သူမှမရှိတော့ဘူး

"ကျစ် "

ပါးစောင်ကိုလျှာနဲ့ထိုးကာ ကျစ်ခနဲစုပ်သပ်လိုက်တဲ့sky က မကျေမနပ်နဲ့ တံခါးကိုတချက်ကန်လိုက်သေးတယ်

ဟမ့် သူက သူမနားကချိုချဉ်နံ့ကိုရလိုက်ပြီးသား အသံကလဲကြားဖူးပြီးသား အဲ့တာကိုပြေးချင်သေးတယ်ပေါ့ အိမ်မက်ပဲမက်နေလိုက် နောက်တခါတွေ့လို့ငြင်းရင် ဆွဲဖြဲပစ်လိုက်မယ် လူကိုများလာကစားချင်လိုက်သေးတယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now