အပိုင်း(47)

58 9 0
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(47)

"ကိုယ်မင်းကိုအရမ်းသတိရနေတာ သေတော့မလောက်ပဲ မင်းနောက်ကိုလိုက်လာ‌ချင်ပေမဲ့ လိုက်ရှာချင်ပေမဲ့ နည်းလမ်းလုံးဝမရှိခဲ့ဘူး ဒါကြောင့် ဆုတောင်းပြည့်တယ်ဆိုတဲ့စေတီမှာသွားပြီး ကန်တော့ဖို့ဆ‌ုတောင်းဖို့ပဲတတ်နိုင်ခဲ့တယ် အဲ့ဒီမှာဘုန်းကြီးတပါးနဲ့တွေ့ခဲ့ပြီး သူက ကိုယ့်ကို အဲ့လိုပြောခဲ့တာ ဒါကြောင့် ကိုယ့်မှာမင်းကိုပဲဆက်စောင့်နေရတော့ပေါ့ "

"ဒါပေမဲ့ နင်က ငါ့ကိုတကယ်မလိုချင်တော့ဘူးမလား"

"မြတ်ကလေး ကိုယ်က မင်းကိုဘယ်လိုများ မလိုချင်ပဲရှိရမှာလဲ ကိုယ်မင်းကိုအရမ်းလွမ်းနေတာလေ အရမ်းသတိရနေတာ ကိုယ်မင်းကို သေတော့မတတ်ချစ်နေတာကို မင်းကိုမလိုချင်ဘူးဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ "

"နင်မလိုချင်တော့အချိန်ရှိလာရင်ရော "

"ကိုယ့်ကိုသတ်လိုက် "

".........."

"ဒီလိုဆိုအဆင်ပြေပြီလား စိတ်လုံခြုံသွားပြီလား"

"အွန်း နင်ငါ့ကိုမလိုချင်ဘူးဆိုတဲ့အချိန်ကျရင် ဒီအထပ်မြင့်တိုက်ပေါ်ကနေ နင့်ကိုကန်ချပစ်မှာ "

"အွန်း လုပ်ပစ်လိုက်"

"ဟမ့် ! "

သူမ မာန်မဲလိုက်ပေမဲ့ နှုတ်ခမ်းထောင့်တွေတုန်ရင်နေကာ မျက်ရည်တွေကလဲ တရဟောကျဆင်းလာခဲ့လေတယ်

သူမကိုသူ မလိုချင်တော့မှာကို ဘယ်လောက်ကြောက်လိုက်ရလဲ

သူတစ်ခြားတစ်ယောက်ကိုချစ်သွားမှာကို သူမဘယ်လောက်ခြောက်ခြားခဲ့ရလဲ အရမး်ကိုကြောက်ရွံ့ခဲ့တာ

ဒါပေမဲ့ သူမ သူ့ကို တကယ် မငြင်းနိုင်တော့ဘူး

"Sky ငါနင့်ကိုချစ်တယ် "

"အွန်းကိုယ်သိတယ်"

"ငါနင့်ကိုအရမ်းလွမ်းနေတာ"

"ကိုယ်သိတယ် "

သူမအတွက်ကခနလေးဆိုပေမဲ့ သူအတွက်ကတော့ အချိန်အကြာဖြစ်ပြီး အမျိုးကောင်းသားလေး‌ေတာင်ဖြစ်လာခဲ့လေပြီ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now