31.zgi

23 0 0
                                    


အပိုင်း(31)

"ငါက ? နင်နဲ့? အိပ်ခဲ့တယ်? ဖြစ်နိုင်မှပြောပါ မင်းမင်းရယ် "

"ဘာလို့လဲ နင်ငါ့ကိုမချစ်လို့မလား နင်ချစ်တာက sky ဖြစ်နေလို့မလား "

"......."

"ဟားဟားး မြတ်ကလေး နင့်ကိုငါမသိဘူးလို့ထင်နေတာလား "

"........"

"နောက်နေတာပါ ဒါပေမဲ့ "

မင်းဧကရာဇ်က အပြောင်အပြက်‌ ပြောနေရင်းနဲ့မှ ရုပ်တည်သွားကာ မျက်ဝန်းတို့ကလဲစူးရဲလာကာ သူမကိုစိုက်ကြည့်ပြီးပြောလာတယ်

"အခုကစပြီးတော့ အတည်ပဲ ငါနင့်ကိုပိုင်အောင်လုပ်မှာ နင့်နှလုံးသားကိုမရရင် ခန္ဒာကိုယ် ငါမှမဟုတ်ရင် ဘယ်သူမှမရစေရဘူး နင်ငါ့ကိုမချစ်ဘူးမလား ရတယ် ကိစ္စမရှိဘူး ဒါပေမဲ့ နင်ကတော့ ငါ့အတွက်ပဲဖြစ်ရမယ်"

"နင်! အာ... မင်းမင်း... နင် ! ငါ! "

မြတ်ပန်းဝေမှာ သူ့ကိုဘာဆက်ပြောရမလဲမသိတော့ဘူး

သူမ ကြောင်အနေပေမဲ့ မင်းဧကရာဇ်ကတော့ သူမနားတိုးလာကာ မေးစေ့ကိုပင့်မော့လိုက်ရင်း

"မြတ်ကလေး နင်ငါ့ကိုချစ်ချင်ချစ် မချစ်ချင်နေ  ငါ့အပိုင်ပဲဖြစ်ရမယ် "

ပြောရင်းနဲ့သူမကို ပိုင်စိုးပိုင်နင်းနမ်းရှိုက်လာတယ်

မြတ်ပန်းဝေ ရုန်းတယ် ဒါပေမဲ့ သူကတော့ ရပ်တန့်ဟန်မရှိခဲ့

"မြတ်က‌လေး နင်မချစ်ပေမဲ့ ငါနင့်ကိုအရမ်းချစ်တာသိလား ဒီတခါတော့ နင်ထွက်ပြေးလို့မရဝော့ာအောင် ငါဖွက်ထားလိုက်ပြီ နင်ငါ့ကိုလက်ခံပြီးလိုလိုလားလားလက်ထပ်ချင်လာတဲ့အခါ ပြန်လွှတ်ပေးမယ်"

သူနမ်းထားလို့မျက်ဝန်းထောင့်မှာမျက်ရည်လေး‌တွေစီးကျနေတဲ့မြတ်ပန်းဝေကိုအားရစွာကြည့်လိုက်ရင်း မင်းဧကရာဇ်ပြုံးလိုက်တယ်

"မြတ်ကလေး နင်ငါ့ကိုသံယောဇဉ်ရှိတယ်မလား ငါသိတယ် အဲ့သံယောဇဉ်ကနေအချစ်ဖြစ်လာမဲ့အချိန်ကိုငါစိတ်ရှည်ရှည်နဲ့စောင့်နေမယ် "

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now