5.zgi

46 0 0
                                    


အပိုင်း(5)

သူမက နှစ်ဘဝလုံး ယင်ဖိုတောင်မသန်းဖူးတဲ့လူဆိုတော့ free  live
နဲ့လဲသွားတိုးရော သူတို့ကမရှက်ပဲ သူမကပဲ ရှက်သွားပါလေရော

လေထဲတန်းလန်း အိုးတိုးအမ်းတန်းကြီး သူမအဖြစ်က လှုပ်တောင်မလှုပ်ရဲတဲ့အဖြစ်

သူက နမ်းရုံတင်အားမရ လက်ကြီးက သူများ သားသမီးရဲ့ရင်ဘတ်ကိုသွားကိုင်လိုက်သေးတယ်

အားးးး သူမတော့ ဆက်နေရင် လောင်ကျွမ်းပြီးသေတော့မှာပဲ

တော်တော်လဲညောင်းနေပြီမို့ သတိလေးထားပြီး နဲနဲလေးရွှေ့လိုက်တာ မထင်မှတ်ပဲ သူမရဲ့ဂျိုင်းထဲညှပ်ထားတဲ့စာအုပ်က ပြုတ်ကျသွားပါလေရော

"ဘုတ် ! "

မြတ်ပန်းဝေ ။ ။ "......."

သေစမ်းးး သေချာ သတိထားနေမှ စာအုပ်ကလဲ အကျအနကိုပြုတ်ကျသွားတာ

နဂိုက မသိသာပေမဲ့ အခုကျ လုံးဝတိတ်ဆိတ်နေတာမို့ စာရွက်လှန်သံတောင် ကြားရတဲ့အခြေအနေမှာ စာအုပ်တအုပ်လုံးပြုတ်ကျသွားတယ်ဆိုတော့ တွေးနေစရာတောင်မလိုဘူး အတိုင်းသားကြားသွားပြီပေါ့

ကောင်မလေးရဲ့ယူနီဖောင်းကြယ်သီးကိုဖြုတ်နေတဲ့ လှပတဲ့လက်အစုံကရပ်တန့်သွားပြီး သူ့ရဲ့ဩရှရှအသံက တိတ်ဆိတ်တဲ့အခန်းမှာ ခပ်အက်အက်ထွက်လာခဲ့လေတယ်

"ဘယ်သူလဲ"

ကောင်မလေးကလဲ ထိတ်လန့်သွားပုံရကာ သူ့ကိုတွန်းဖယ်ပြီး ထွက်ပြေးသွားလေတယ်

မြတ်ပန်းဝေ။ ။ "......"

အေးဟေ့ အခုမှ ရှက်ရမှန်းသိနေလိုက် ကြောက်ရမှန်းသိနေလိုက် ဟုတ်ပြီလား

စောနတုန်းကကျ မဖွယ်မရာအသံတွေပေးပြီး မြူစွယ်နေတာဘယ်သူတုန်း

အိုင်းးး မျက်နှာအရေခွံကလဲထူချက်ပဲ

ထွက်ပြေးတဲ့သူက ထွက်ပြေးသွားပြီ ကျန်ခဲ့သူမကတော့ ဒုက္ခနဲ့လှလှနဲ့တွေ့ပြီပေါ့လေ

တခုကံကောင်းသွားတာက ဟိုတစ်ယောက်ထွက်ပြေးသွားတုန်းက တံခါးကိုပြန်ပိတ်ခဲ့လို့ပဲ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now