42.zgi

17 0 0
                                    


အပိုင်း(42)

မြတ်ပန်းဝေအေးခဲသွားပေမဲ့ နောက်ထပ်ဘာမှဆက်ဖြစ်မလာခဲ့လေဘူး

"ဘာဖြစ်တာလဲ "

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး "

မြတ်ပန်းဝေ ငြိမ်ကျသွားတာနဲ့တပြိုင်ထဲမှာပဲ သူမ သူ့ရင်ခွင်ထဲရောက်နေတာကိုပါသတိပြုမိသွားတယ်

သူမကသူ့ကိုဖက်‌တာဆိုပေမဲ့ သူဘယ်အချိန်ကသူမကိုရင်ခွင်ထဲထည့်လိုက်မှန်းမသိ သူမကသာ အဖက်ခံရသူဖြစ်သွားခဲ့လေတယ်

"ကိုယ်မင်းကိုနမ်းလို့ရလား"

"ဟင်? "

"ဟင်လို့?"

"အွန်း "

သူမ သဘောတူလိုက်တာနဲ့ သူ့နှုတ်ခမ်းဟာသူမရဲ့နှုတ်ခမ်းပေါ်ရောက်လာခဲ့လေတယ်

အိအိလေးနဲ့နွေးနွေးထွေးထွေးလေး ရစ်မူးစေနိုင်သလို သူမရဲ့စိတ်အစဉ်ကိုလဲ အဲ့အနမ်းထဲမျောပါစေနိုင်တယ်

အထဲက နွေးထွေးတဲ့မြင်ကွင်းနဲ့ဆန့်ကျင်စွာ ဆေးရုံခန်းအပြင်ကမင်းဧကရာဇ်ကတော့ ငိုနေလေရဲ့

သူအရမ်းအတ္တကြီးတယ် ရမ်းကားတယ် တကိုယ်ကောင်းဆန်တယ် သူစိတ်ဝင်စားတာဆို ဘယ်သူ့ကိုမှမပေးချင်ဘူး အချစ်တွေကိုလဲ မဝေမျှချင်ဘူး

ဒါပေမဲ့ မြတ်ကလေးက လူတစ်ေ‌ယာက် ပစ္စည်းတခုမဟုတ်ဘူး သက်မဲ့လဲမဟုတ်ဘူး

ဒါ့အပြင် သူ့ဘဝကအမြဲပြည့်စုံခဲ့ပေမဲ့ ဟိုကောင်ရဲ့ဘဝကတော့ အရမ်းသနားစရာကောင်းတယ်

ဘယ်ကထွက်လာတဲ့စာနာစိတ်ဆိုတာသူမသိပေမဲ့ အချင်းချင်းစုံမက်နေကြတဲ့လူတွေကြားသူဝင်မပါတော့ပါဘူးလေ

မြတ်က‌လေးကိုသူချစ်တယ် အမြဲချစ်နေမှာ စောင့်ရှောက်ပေးနေဦးမှာ  သူ့အပိုင်မဟုတ်ရင်တောင် သူချစ်နေဦးမှာပါ

မင်းဧကရာဇ်မျက်ရည်သုတ်လိုက်‌ပြီးတော့ သူ့ပခုံးပေါ်လက်တဖက်လာတင်တာကိုခံစားလိုက်ရလို့လှည့်ကြည့်မိတော့ မြတ်ဘုန်းသျှန်

"ကိုကြီး ကိုကြီးညီမကစွံသွားပြီဗျ"

"ကိုကြီးကငါ့ညီကိုကျေးဇူးတင်ပါတယ်"

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now