အပိုင်း(4)

166 15 2
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(4)

သူကဘာလို့ သူ့ရုပ်ရည်သွင်ပြင်ကိုမကြိုက်တာလဲ အရမး်လှပြီး အရမ်းကြည့်လို့ကောင်းတာကို ..

"အဲ့တော့ မျက်ဆံကလဲပြာသွားရောလား "

"ဟုတ်တယ်ဟ "

အတင်းပြောနေတဲ့ကျောင်းသူက စာသင်နေတဲ့ဆရာမကိုတချက်ခိုးကြည့်လိုက်ပြီးမှ အသံကိုအရင်ထက်နှိမ့်လိုက်ကာ

"ကြက်မျက်သင့်ရောဂါကိုသိလား"

"ကြက်တွေက‌ မှောင်ရင်မျက်ကန်းလိုဖြစ်သွားသလိုမျိုး အဲ့လိုရောဂါကိုပြောတာလား"

"အေး အေး အဲ့တာ အဲ့တာ အဲ့ရောဂါကြောင့် သူ့မျက်လုံးတွေကပြာနေတာလေ ညဖက်ကျရင်တို့ ဒါမှမဟုတ် အမှောင်ခန်းတို့ဆို မမြင်ရဘူးတဲ့ဟဲ့ "

"Bully လေးက အဲ့လိုကျသနားစရာလေး "

"ဖြနး်းးး အိမ်မက်ကနိုးထစမ်း"

"အိုက်ယိုးး ဘာလို့ငါ့ကိုရိုက်တာလဲ"

" နင်က ဘာကိုသွားသနားနေတာလဲ ဟိုက ပိုက်ဆံရှိအကောင်ကြီးရဲ့သားဟဲ့ ပြီးတော့ ပွေလိုက်တာမှ မိန်းမဆိုသူ့နားကဖြတ်မလျှေိာက်ရဲသလောက်ပဲ သူ့ရှေ့ကဖြတ်သွားတာနဲ့သူ့ကိုချစ်တယ်မြူစွယ်ချင်တယ်မန်းနီးလိုချင်တယ်ဆိုပြီး အစုံကိုသတင်းထွက်လာတော့တာ သူနဲ့ပတ်သတ်သမျှမိန်းမတိုင်းနဲ့လဲ တရက်နှစ်ရက်ဆိုပြတ်တာပဲ သွားရှုပ်လို့မရဘူး သူက အပေါ်ယံပဲလှတာ အတွင်းစိတ်ကပုတ်ပွနေတာ သိလား "

"ဟုတ်လား ကျောင်းမြက်လေးက bully ကအဲ့လိုတဲ့လား သေပါပြီဟယ် ငါ့နှလုံးသား‌ကွဲကြေသွားတဲ့အသံကိုကြားရလား "

"မကြားဘူး ကြားလဲမကြားချင်ဘူး တခုပဲပြောမယ် စိတ်ကူးယဉ်နေတာတွေကိုလျှော့စမး် "

"အေးပါဟယ် "

အတင်းတုတ်နေကြတဲ့ကျောင်းသူနှစ်ယောက်က တခြားအကြောင်းအရာတခုကိုပြောင်းသွားကြပေမဲ့ သူမက‌တော့ အတွေးနွံ့ထဲရုနး်ထွက်မရနိုင်ခဲ့ဘူး

ကြက်မျက်သင့်ရောဂါတဲ့လား

သူက ဘာလို့အရမ်းကိုထူးဆန်းနေရတာလဲ သူ့မျက်လုံးပြာတွေကိုဘာလို့မကြိုက်ရတာလဲဆိုတာသိသွားပြီ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now