44.

84 8 6
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(44)

မိုးစက်များက မြေကမ္ဘာအနှံ့ရွှာသွန်းဖြိုးလို့နေတယ် ခြုံပုတ်လေးတခုဟာ ရေလွှမ်းခံနေရပြီး ‌ခြုံပုတ်လေးရဲ့အစွန်းမှာအနီရောင်အဝတ်လေးတစထွက်လို့နေတယ်

အဲ့အဝတ်စကိုဝတ်ထားသူကတော့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဗွက်အိုင်ထဲမှာကိုယ်တဝက်မြုတ်နေကာ သတိမရတချက်မရတစ်ချက်နဲ့ဖြစ်လို့နေတယ်

မြတ်ပန်းဝေ မျက်လုံးကိုဖွင့်ချင်ပေမဲ့အားယူလို့မရပဲ သူမရဲ့လက်တွေသာမကခြေတွေကပါလေးလံနေလေတယ်

မျက်နှာ‌ေပါ်ကြီးမားတဲ့‌ေရစက်‌ေပါက်‌ေတွအဆက်မပြတ်ကျဆင်း‌ေနပြီးတကုိယ်လံုးသာမက‌  ခြေလက်တွေပါရေနူးနေပြီပဲဖြစ်လေတယ်

သူမ ကူးပြောင်းသွားပြီလား တခြားကမ္ဘာကို..လား..

ဘယ်လိုလုပ်ရမလဲ သူတို့ကိုသူမထပ်တွေ့ချင်သေးတယ်

သူမ သူတို့ကိုမတွေ့ရတော့ဘူး

အထူးသဖြင့် skyကိုမတွေ့ရတော့ဘူးတဲ့

မြတ်ပန်းဝေ တွေးလေဝမ်းနည်းလေ သူမရဲ့ဘာမှမတတ်နိုင် အင်အားမဲ့နေတာကိုပဲအပြစ်ပြောရလေတော့မယ်

သူမဝမ်းနည်းပမ်းနည်းရှိုက်ငိုနေမိပြီး မရပ်တန့်နိုင်တော့ဘူးလို့ထင်ရတယ် သူမရဲ့ အချစ်ကအခုတော့ဖြင့် sad ending ဖြစ်သွားလေပြီ

သူတို့လဲဘယ်လိုကျန်ခဲ့မလဲ‌ေတာ့မသိ

သူမကတော့ ဖြေမဆည်နိုင်အောင်ဝမ်းနည်းရလေတယ်

ဒါပေမဲ့ သူမပြန်ရှင်သန်လာရပြီဆိုထဲက အသက်ရှင်သန်ဖို့ကိုအကောင်းဆုံးလုပ်ရဦးမယ်မဟုတ်ပါလား

စိတ်ကုန်တယ်...

သူမရဲ့အတွေးထဲရောက်လာတဲ့စကားက စိတ်ကုန်တယ်ဆိုတာပဲ

အားမရှိတဲ့ခန္ဒာကိုယ်ကို စိတ်မပါလက်မပါသယ်ကာ ထလာခဲ့တယ်

မြင်နေရတဲ့မြင်ကွင်းက မျက်စိတဆုံးကတ္တရာလမ်းမကြီးပဲ သူမရဲ့မျက်စိရှေ့မှာရှိနေတာ အိမ်တွေမရှိတဲ့အဝေးပြေးလမ်းမကြီး

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiजहाँ कहानियाँ रहती हैं। अभी खोजें