အပိုင်း(12)

153 13 2
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(၁၂)

အဲ့လိုနဲ့ မြတ်ပန်းဝေက ဦးမြတ်နိုင်လင်းနဲ့ဒေါ်နှင်းဝေလွင်တို့ရဲ့သမီးအဖြစ်ကနေ ဦးသစ်မင်းနဲ့ဒေါ်သံစဉ်ချိုတို့ရဲ့သမီးအဖြစ်ကိုကူးပြောင်းသွားလေတော့တယ်

ဒါပေမဲ့ သိပ်မသိသာသလိုပါပဲ

နှစ်အိမ်ကအရမ်းခင်သွားပြီး အိမ်ဘေးချင်းကပ်ရပ်လဲဖြစ်နေတော့ သူမဘယ်အိမ်မှာနေတယ်ဆိုတာက အရေးမဟုတ်တော့လေဘူး သူမအတွက်အခန်းက ဟိုဖက်အိမ်နဲ့ဒီဖက်အိမ် နှစ်အိမ်လုံးမှာရှိသလို မိဘလေးယောက်ကလဲ သူမကိုချစ်လိုက်တာမှတုန်နေရော

သူမကလဲ ငါးဆားနယ်အိမ်တွင်းပုန်းအင်တာနက်စွဲလန်းသူလေးလေ

ဒါကြောင့်ပဲ ကျောင်းမှာမဟုတ်ရင် အိမ်မှာပဲ အမြဲရှိနေတတ်ကာ သူငယ်ချင်းရှားပါးပြီး အိမ်မလည်တတ်သူလေးလဲဖြစ်လေတယ်

သူမရဲ့အသုံးစားရိတ်ကလဲ ဟိုတစ်ယောက်တစ်ကဒ် ဒီတစ်ယောက်တစ်ကဒ်နဲ့ပေးထားလိုက်ကြတာ အားလုံးပေါင်းငါးကဒ်

အဲ့ဒါနဲ့ပဲ သူမလဲ ကဒ်အားလုံးထဲကပိုက်ဆံ‌ေတွကိုတကဒ်ထဲမှာစုထည့်ထားလိုက်ပြီး အဲ့တကဒ်ကိုပဲကိုင်တော့လေတယ် ပိုက်ဆံတွေပိုနေလို့ ပွားလာအောင် အရင်ဘဝရဲ့ပညာတွေကိုသုံးပြီး company တခုမှာ စတော့ရှယ်ယာသွားဝယ်ထားလိုက်သေးတယ်

သူမရွေးလိုက်တဲ့ကဒ်ကတော့ မြတ်ဘုန်းသျှန်ရဲ့ကဒ်ပဲ

သူမရဲ့ရွေးချယ်မူ့က မိဘတွေကို ဝမ်းနည်းစေတယ်ဆိုတာသူမ မသိခဲ့လေဘူး သူတို့က သူမဘယ်သူ့ကဒ်ကိုရွေးမလဲဆိုတာ စိတ်ကူးယဉ်နေခဲ့ကြတာ လောင်းတောင်လောင်းထားကြသတဲ့လေ

သူမကတော့ အစကနေအဆုံး အရှုံးပေါ်သွားတဲ့အထိ ဘာမှကိုမသိလိုက်တာပဲ

ဟိုတယောက်ကတော့ သူမကိုရှောင်နေတာအသိသာကြီးရယ် အိမ်ဘေး‌ကပ်နေတော့လဲ ထူးထူးဆန်းဆန်းပြုမူလိုက်ပြီဆိုတာနဲ့တန်းသိတော့တာ

ဒါပေမဲ့ အဖက်လုပ်ရမှာပျင်းလွန်းလို့ ဒီအတိုင်း မသိချင်ယောင်ဆောင်ပြီးမျက်နှာလွှဲခဲပစ်ပဲလုပ်ထားလိုက်လေတော့တယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now