28.

127 14 1
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(28)

"အဲ့တစ်ယောက်လေ နှင်း နင့်ဘဲကြီးရဲ့ညီမ ကျောင်းမြက်ကလေးတွေရဲ့ပန်းပွင့်လေးပေါ့ "

ဘေးကတစ်ယောက်က မနာလိုစိတ်နဲ့ပြောလာပေမဲ့လဲ နှင်းဒီဇင်ဘာတစ်ယောက်ကတော့ လင်းလက်တောက်ပနေတဲ့အရှိန်အဝါတွေလွှမး်ခြုံထားတဲ့ကောင်မလေးကိုပဲကြည့်နေမိတယ်

သူမသိရသလောက် မြတ်ဘုန်းသျှန်ရဲ့ညီမဆိုပေမဲ့ ဘာမှမတော်ဘူးတဲ့ ဒါဆို ကိုကိုမြတ်ကလဲ ဒီတစ်ယောက်ကိုသဘောကျနေတာပဲလား

ဒါဆို သူမစိတ်ဝင်စား‌ေနတဲ့ယောကျာ်း‌သုံးယောက်လုံးက သူမ မဟုတ်တဲ့ တခြားသူကိုချစ်နေကြတာပေါ့

ဘာလို့လဲ အဲ့သုံးယောက်လုံးက သူမရဲ့ပိုင်ဆိုင်မူ့တွေချည်းပဲလေ

အဲ့သုံးယောက်လုံးက သူမနဲ့ပတ်သတ်ရမဲ့ကံ အသဲကွဲရမဲ့ကံ ပြန်ချစ်လာရမဲ့ကံ ပါကိုပါလာပြီးသား

ဒါပေမဲ့....

"တောက်! ! ! "

နှင်းဒီဇင်ဘာ ဒေါသအလိပ်လိုက်ထွက်လာတယ်

မဖြစ်ဘူး သူမရဲ့လမ်းမှာ လာခံနေတဲ့ အဲ့တစ်ယောက်ကို ရှင်းကိုရှင်းပစ်မှရမှာ

ဒါပေမဲ့ ဆောင်းသံစဉ်မောင်လိုမဖြစ်အောင်တော့လုပ်မှရမယ် အဲ့ငတုံးမက တည့်ဝင်လုံးတာကိုး ဟိုက ဆော်ထည့်လိုက်ဝာာပေါ့

အဲ့တုန်းက သူမပြောသေးတယ် သတိပေးသေးတယ် အမုန်းကိုဝေခွဲပြီးမပိုင်းခြားတတ်တဲ့ငတုံးမဆိုတော့ အခုတေ့ာ ပြည့်တန်ဆာဘဝမှာ အကုန်လုံး‌ကိုမေ့ပြီးပျော်နေတာ ချီးတွင်းထဲကလောက်ကျနေတာပဲ

"စဉ်းစားစမ်း စဉ်းစားစမ်း မိန်းကလေးတစ်ယောက်ကို ယောကျာ်း‌ေတွစိတ်အပျက်ဆုံးဖြစ်နိုင်ချေက ဘာဖြစ်မလဲ "

နှင်းဒီဇင်ဘာ ခုံကိုတတောက်တောက်ခေါက်ရင်း စဉ်းစားလိုက်တယ်

"ဪ သိပြီ "

သူမက အမှောင်ထဲမှာလေ သူတို့က အလင်းထဲမှာ အဲ့တာက သူမအတွက်တစ်ဗန်းသာတာပဲ မဟုတ်လား

ဘာမှမသိတဲ့ ငတုံးမလေးမြတ်ကတော့ ပါးစပ်ထဲကိုသာအစားတွေဆက်တိုက်သွပ်နေလေရဲ့

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now