37.zgi

19 0 0
                                    


အပိုင်း(‌37)

"ဆရာဝန်ပြောတာကတော့ အတွင်းအင်္ဂါတွေကိုထိသွားတာတဲ့ အန္တရာယ်ရှိတယ်တဲ့ မေမေ သူ ...သူ ဘာမှမဖြစ်လောက်ပါဘူးနော် "

"ဘာမှမဖြစ်ပါဘူးသမီးလေးရယ် သားလေးက မေမေတို့ကိုအရမ်းချစ်တာ ဒီအတိုင်းကြီးတော့ ထားမသွားလောက်ပါဘူး"

မြတ်ပန်းဝေနားမှာ လူအုံပြီး ဝိုင်းချော့နေကြတယ်

ခွဲစိတ်ခန်းရှေ့ကလုံးဝမခွာတဲ့သူမကြောင့် ကျန်တဲ့သူတွေလဲတစ်ယောက်မှမသွားကြဘူး

အချိန်ပေါင်းများစွာဖြတ်သန်းလာပေမဲ့ ပျင်းရိငြီးငွေ့တယ်လို့မခံစားရပဲ ပိုလို့သာစိတ်လောလာခဲ့ကြတယ်

ဘုရားတရားစာရသမျှအကုန်ရွတ်ကြပြီး စောင့်နေကြကာ အားလုံးကစိတ်ပူတဲ့မျက်နှာကိုယ်စီနဲ့ စောင့်နေကြလေတယ်

ခြောက်နာရီကျော်ကြာသွားပြီးနောက်မှာ ခွဲစိတ်ခန်းတံခါးက ပွင့်သွားပြီး ဆရာဝန်နဲ့နာ့စ်အချို့ထွက်လာခဲ့ကာ

"လူနာကတော့ စိတ်ချရတဲ့အနေအထားရောက်သွားပါပြီ ICUထဲလဲပြောင်းထားပြီးပြီ လူနာသတိပြန်ရလာလို့ အားလုံးအဆင်ပြေတယ်ဆိုတာ အတည်ပြုပြီးရင် ရိုးရိုးခန်းထဲရွေ့လို့ရပါပြီ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာရယ် တကယ်ကိုကျေးဇူးတင်ပါတယ် "

မြတ်ပန်းဝေ တကယ်ကို စိတ်သက်သာရာရသွားလေတယ်

ရင်ထဲမှာစို့နေတဲ့အလုံးကြီးပြုတ်ကျသွားသလိုပဲ

မြတ်ပန်းဝေ ‌နှင်းဒီဇင်ဘာကိုစိုက်ကြည့်လိုက်ကာ

"ကိုကိုကြီး နှင်းဒီဇင်ဘာကပြောတော့ နယ်ဘက်မှာအသည်းအသန်ဖြစ်လို့‌အရေးပေါ်သွေးလိုနေတယ်ဆို "

လူတွေကြားထဲ လက်ပစ်ဗုံးတလုံးပစ်သွင်းလိုက်တဲ့မြတ်ပန်းဝေက နှင်းဒီဇင်ဘာကိုသာစိုက်ကြည့်နေကာ

"နှင်းဒီဇင်ဘာက ညီမလေးကို အပြင်ထွက်လာခိုင်းခဲ့တယ် အဲ့နောက်တော့ ကုန်တင်ကားအကြီးကြီးနဲ့မျက်နှာချင်းဆိုင်ခဲ့ရတယ်လေ တကယ်လို့ sky သာကြားဝင်မလာဘူးဆိုရင် ညီမလေးသာ အဲ့ခွဲစိတ်ခန်းထဲဝင်ရတဲ့သူဖြစ်နေခဲ့မယ်ဆိုရင် ဒီနေ့ဖြစ်ရပ်က ဒီအတိုင်းတိမ်မြုတ်သွားမှာကိုတောင်စိုးရိမ်မိတယ် "

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiDär berättelser lever. Upptäck nu