29.

86 8 0
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(29)

"Sky "

"ဘာလဲ "

"........."

"........"

"နင်ငါ့ကိုစိတ်ဆိုးနေတာလား"

"မဟုတ်ဘူး"

"ဒါဆို စိမ်းသွားတာ မခင်ချင်တော့တာပေါ့"

"ဟုတ်တယ် "

"........"

မြတ်ပန်းဝေမှာ ပြောသာပြောလိုက်ပေမဲ့ဒီအဖြေပြန်ရလာမယ်လို့မတွေးထားမိတော့ အနဲငယ်ဆွံ့အသွားလေတယ်

အစကတော့ သူမ သိပ်မတွေးမိဘူး အခုမှ skyတစ်ယောက် သူမပြန်လာထဲက သိပ်စကားမပြော အဖက်သိပ်မလုပ်ဘူးဆိုတာသိလိုက်ရတယ်

အဲ့တာကြောင့်ပဲ သူမ ‌မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စကားမရှိစကားရှာပြီးလာပြောတာ ဒါပေမဲ့လဲ သူမ ရှုံးနိမ့်သွားသလိုနဲ့ အပြစ်လုပ်မိလိုက်သူလိုခံစားလိုက်ရတယ်

"ငါ့ကိုမလိုချင်တော့ဘူးလားဟင်"

"နင်အရင်ငါ့ကိုမလိုချင်တာလေ "

"ဟမ်"

"ငါတို့ကချစ်တယ်ဆိုတာနဲ့ နင်က အမြီးတောင်မကျန်အောင်ထွက်ပြေးသွားပြီး‌ေပျာက်သွားတယ် ပြီးတော့ ဘာမဖြစ်ခဲ့သလိုပဲပြန်ပေါ်လာတယ် ဘာမှမဖြစ်ခဲ့လလို ဘာမှမပြောခဲ့ဖူးသလိုပဲနင် လုပ်နေတယ် ဟိုကောင်က ‌ေ-ာက်မှတ်မရှိပေမဲ့ ငါကရှိတယ် နင်ပျောက်သွားပြီး ငါတို့ကိုထားရစ်ခဲ့တာကို ဒီအတိုင်း ဘာမှမဖြစ်သလိုနဲ့ငါကျော်မသွားပေးနိုင်ဘူး"

"........"

မြတ်ပန်းဝေ ရုတ်တရက် ထိုသူကိုကြည့်လိုက်တယ် နားမလည်ခြင်းများစွာနဲ့ သက်ပြင်းချလိုက်တယ်

"နင် ငါ့ကိုမုန်းသွားပြီပေါ့နော်"

"ဟုတ်တယ် နင့်ကိုမုနး်တယ် ငါ့ကိုထားပြီးသွားခဲ့လို့ မုန်းချင်တယ် ဒါပေမဲ့..."

နင့်ကိုတကယ်ကြီးမုန်းဖို့ဆိုတာ နင်ထင်သလောက်မလွယ်ဘူးဟ

Skyက တောင်ချွန်းလေးမှာထိုင်ရင်း အောက်မှာပျော်နေပါးနေ သီချင်းဖွင့်ကာ ကခုန်နေသူများကိုကြည့်လိုက်တယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now