40.

63 7 0
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(40)

မြတ်ပန်းဝေ အခန်းအပြင်ကနေ အကုန်ကြားနေရတယ်

သူမသူ့အတွက်တိတ်တိတ်လေးငိုမိတယ်

အဆင်းလှသလောက် ဘဝကတော့မလှခဲ့ရှာဘူးပဲ အရမ်ူအချစ်ခံနေရတဲ့ဘဝကနေ ရုတ်တရက် ရောဂါဖြစ်ပြီး မိဘတွေရဲ့စွန့်ပစ်ခြင်းကိုလဲခံခဲ့ရတယ် သူမကလဲ သူ့ကိုစွန့်ပစ်ခဲ့သေးတယ် သူအရမး်ကံဆိုးခဲ့တာပဲ သူမနဲ့တွေ့တော့ ပိုလို့တောင် ကံဆိုးလာသေးတယ်

သူမချခဲ့တဲ့ဆုံးဖြတ်ချက်မှားခဲ့တာပဲ

သူနဲ့တွေ့ရတော့မဲ့အချိန်ကဘယ်လောက်ကြာကြာရှိနေမယ်မှနး်မသိ‌ပဲနဲ့ သူမသူ့ကို ထားခဲ့မိတယ်

အခုတော့ပိုလို့ဆိုးပါရော သူမသူ့ကိုလက်ခံလိုက်ပြီးမှ သူမပျောက်ကွယ်သွားဦးမယ်ဆိုရင် သူရူးများသွားမလားပဲ အဲ့ဒါကြောင့်ပဲအဝေးကနေသာ ငေးနေရဲတော့တယ်

"ပြန်ပါတော့ ကျွန်တော်ဘယ်သူ့ကိုမှ မလိုဘူး မြင်လဲမမြင်ချင်တော့ဘူး သွားကြတော့ ထွက်သွားတော့ "

Sky ထပ်စဉ်းစားရင် ရူးသွားတော့မလိုပဲ သူ့ဘဝက ဘယ်တော့ဖြစ်ဖြစ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့အချစ်ကိုမရခဲ့ဖူးဘူး သူချစ်တဲ့သူတွေကသူ့ကိုပြန်မချစ်ဘူး

ဘယ်လိုပဲဖြစ်ဖြစ် သူလဲ အဲ့အသုံးမဝင်တဲ့အချစ်ကိုလိုမနေဘူး

"မင်း ! "

စိတ်ဆိုးမာန်ဆိုးနဲ့ထွက်သွားတဲ့ မိဘ‌ဖြစ်သူတွေရဲ့နောက်ကျောကို sky မျက်နှာသေနဲ့ ကြည့်နေမိတယ်

သူ အရမ်းတည်ငြိမ်နေပါပြီ သူ့နှလုံးသားက နာကျင်ရပေါင်းများလို့ထုံနေပြီ

နောက်ဆုံးတော့ အခန်းတံခါးဟာ တိတ်ဆိတ်သွားပြီး ကြမ်းပြင်မှာပေပွ‌ပြီးကျန်နေခဲ့တာကလွဲလို့ ဖြစ်ပျက်သမျှက အိမ်မက်လိုပဲ

လေပြေလေးလိုပဲရုတ်တရက်ရောက်လာပြီး ‌ဖျတ်ခနဲဆိုပြန်ပျောက်ကွယ်သွားခဲ့ပြန်တယ်

Sky တစ်ယောက် ဘာဖြစ်မှန်းမသိ ကြမ်းရမ်းဆိုးပေချင်တဲ့စိတ်တွေပြန်ဝင်လာခဲ့တယ် သူ့ကိုဘယ်သူကမှမချစ်တာ ဂရုမစိုက်တာ သူ့ဘာသူဘာဖြစ်ဖြစ်ဘယ်သူကသနားနေမှာမဟုတ်ဘူး သူလမ်းဘေးမှာအိပ်နေနေ မိန်းမပေါင်းများစွာနဲ့ပဲတွဲနေနေ သူ့ကိုဘယ်သူမှကြည့်မနေဘူး

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now