23.

145 15 2
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(၂၃)

"ဟေ့ ကောင်မလေး "

"ဟင် ! "

"ထမင်းသွားစားမယ်လေ"

"အာ "

"ဘာအာလဲ?"

"ငါ မင်းဧကရာဇ်နဲ့ချိန်းထားပြီးပြီဟ "

"ဟမ်! မရပါဘူး ! ငါနဲ့ပဲစားရမယ်"

"ပြောရခက်လိုက်တာ sky ရယ်"

"မရဘူး မရဘူး"

"ချစ်ဖို့ကောင်းအောင်လုပ်ပြလဲအလကားပဲနော် "

"......."

"အာ ... ဒါဆိုလဲ တူတူလိုက်စားလိုက်လေ "

"Ok "

Sky က သူ့ရဲ့ငရှုပ်လုပ်ရပ်‌ေ‌တွကိုရပ်တန့်လိုက်ပြီး မြတ်ပန်းဝေနဲ့စစ်မှန်တဲ့ friendship ကို စတင်တည်ထောင်နေပြီ

သူငယ်ချင်း just boyfriend ဆိုတော့လဲ သူ့မှာ သူမကိုစိတ်ဆိုးအောင်ကိုမလုပ်ရဲဘူး

"ဟေ့ ရောက်နေကြပြီလား"

"အွန်း မင်းမင်း လာလေ "

မင်းဧကရာဇ်မှာ မင်းမင်းဆိုတဲ့အခေါ်ကြောင့် နှုတ်ခမ်းတွန့်သွားပေမဲ့ ဘာမှမပြောနိုင်ခဲ့ လက်သည်ကတော့ အိမ်ကအမေပဲပေါ့

"Sky လဲပါတာပဲ"

"Hi"

"Hello"

တစ်ယောက်နဲ့တစ်ယောက် စိတ်မပါတပါနဲ့ ဂရုမစိုက်သလို နှုတ်ဆက်လိုက်ကြပေမဲ့ မြွေမြွေချင်းခြေမြင်ဆိုသလိုပဲ ဒီယောက‌ျာ်းလေးနှစ်ယောက်လုံးဟာ ဘယ်သူကမှမြတ်ပန်းဝေအပေါ်မရိုးသားဘူးဆိုတာကို အတိုင်းသားမြင်လိုက်ကြရတယ်

Sky က စိတ်ထဲမှာ မြတ်ပန်းဝေရဲ့ရည်းစားကိုပြန်မြင်လိုက်ပြီး နိုင်ကွက်ရထားသလို ကျိတ်ရယ်လိုက်ပေမဲ့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူကိုယ်တိုင်လဲ ကူကယ်ရာမဲ့ရတာပဲ

"မြတ်ကလေး နေနှင့်ဦး ငါ နင့်အတွက် ထမင်းသွားထည့်ပေးမယ်နော်"

"Ok ရှဲ့ရှဲ့ "

"နိုးပလုံပလုံ"

မင်းဧရာဇ်က စနောက်နေရင်းထထွက်သွားပေမဲ့ ဟိုတကောင်ကိုအနိုင်ပိုင်းခဲ့ဖို့လဲမမေ့

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiOnde as histórias ganham vida. Descobre agora