အပိုင်း(7)
မြတ်ဘုန်းသျှန်ကို သူမအကိုလိုမြင်လာပြီး မယ်ရီဆူးကြောင့်ဒုက္ခရောက်မှာကိုမမြင်ချင်ဘူး
ဒါကြောင့်ပဲ သူမ မလိုအပ်ပဲဂျစ်တိုက်နေမိတာ
တဖက်မိန်းကလေးကလဲ ဒီမိန်းကလေးက သူမအပေါ်မကြည်လင်ဘူးဆိုတာသိလိုက်ရတယ်
ခုမှပထမဆုံးတွေ့ဖူးတာကြောင့် သူမလဲ ပြသနာလုပ်မနေတော့ဘူး အပြင်က အကိုဖြစ်သူရဲ့မတရားအလိုလိုက်မူ့ကို ခံထားတဲ့ ချမ်းသာတဲ့အိမ်က မမလေးပဲနေမှာပေါ့
ဒါပေမဲ့လဲ သူမ မနာလိုတော့ဖြစ်မိလေတယ် သူမကတစ်ကောင်ကြွက်မို့ချစ်တဲ့သူမရှိတာကြောင့် သူမကအချစ်ခံရတဲ့ခံစားချက်ကိုသဘောကျလေတယ် အထူးသဖြင့် ယောကျာ်းလေးတွေရဲ့ယစ်မူးပျော်ဝင်နေတဲ့အကြည့်နဲ့ကြည့်ခံရတာကိုပိုသဘောကျလေတယ်
စောနက တစ်ယောက်ကတော့ သူ့မျက်လုံးတွေက ကြည်လင်နေပြီးသန့်စင်နေလေတယ် သူမရဲ့အလှကြောင့် အံဩမူ့တစက်တောင်ရှိမနေပဲ အာသဝေါကုန်ခမ်းနေသလိုမျိုး ဒါပေမဲ့ ညီမဖြစ်သူအကြောင်းပြောလာချိန်မှာတော့ အဲ့သန့်စင်ကြည်လင်တဲ့မျက်ဝန်းထဲ နွေးထွေးတဲ့အလင်းစက်တချို့က မှောင်မဲတိတ်ဆိတ်တဲ့ညအလယ်မှာပိုးစုန်းကြူးတို့လင်းလက်လာသလိုမျိုး ကူကယ်ရာမဲ့စွာနဲ့အနှိုင်းမဲ့မြတ်နိုးခြင်းတို့ရှိနေလေတယ်
"မြတ်ဘုန်းသျှန်...... "
ရှင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ....
ထိုသူ့ရဲ့နာမည်ကအစမြင့်မြတ်တော်ဝင်ဆန်ပြီး ပါးစပ်ဖျားမှာခေါ်လိုက်တဲ့အချိန် ထူးခြားတဲ့ရသကိုခံစားရလေတယ်
နှင်းဒီဇင်ဘာက နှုတ်ခမ်းတို့တွန့်ကွေးကာပြုံးလိုက်မိတယ်
မချစ်တတ်သေးတဲ့လူတစ်ယောက်ရဲ့နှလုံးသားကိုအရောင်ခြယ်ရတာလောက်စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ထပ်မရှိတော့ဘူးလို့သူမထင်လေတယ်
"ရှင်ကြွေကျမြေခလာပြီးကျွန်မရဲ့ခြေထောက်အောက်ဝပ်စင်းလာတဲ့အချိန် ရှင့်ရဲ့အဲ့ဒီမာနကြီးသန့်စင်တဲ့မျက်ဝန်းတွေညစ်ထေးလာတဲ့အခါ အရမ်းကြည့်ကောင်းမှာပဲ မြတ်ဘုန်းသျှန် ကျွန်မရှင့်ကိုဒီနေ့ကစလိုက်တော့မယ် "
YOU ARE READING
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantasyကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...