30.zgi

26 0 0
                                    


အပိုင်း(30)

မြတ်ပန်းဝေ လောကကြီးကိုသံသယဖြစ်နေစဉ်မှာပဲ သူမဘေးနားလူနှစ်ယောက်ရောက်လာခဲ့တယ်

"ဘာဖြစ်နေတာလဲ"

"နင်ဒီလူတွေနဲ့သိတာလား"

မင်းဧကရာဇ်နဲ့sky က တစ်ယောက်တစ်ခွန်းပြောလာရင်း ရှေ့မှာရပ်နေတဲ့လူတစ်စုကို အကဲခတ်လာကြတယ်

မြတ်ပန်းဝေ စိတ်ညစ်သွားတာကြောင့် ခပ်လေးလေးခေါင်းခါလိုက်ပြီး

"ငါ့ကိုပြန်ပေးဆွဲဖို့လာတယ်လို့ငါ‌တော့ထင်တယ် "

အဲ့စကားကြားတာနဲ့နှစ်ယောက်သားက ချက်ချင်းရေဆူမှတ်ကိုရောက်သွားတော့တယ်

အရှေ့ကလူတစ်စုကလဲ သူတို့အခြေအနေမဟန်မှန်းသိတာနဲ့တန်းပြေးကြတော့တယ်

သူတို့မစ်ရှင်ကျတာရှုံးတာကနောက်မှ ဘေးနားကိုရောက်လာတဲ့ကောင်လေးနှစ်ယောက်ကအရမ်းကြောက်ဖို့ကောင်းတယ် အရိုးအသားရှာမရအောင်အသတ်ခံနေရမှဖြင့် ...

လူဆိုးတစုမှာ သူရဲဘောကြောင်စွာထွက်ပြေးသွားပြီး အမြှီးလေးတောင်မမြင်ရတော့ဘူး

"နင့်မှာဖုန်းမရှိလို့လား ငါတို့ကိုအထင်သေးတာလား "

မင်းဧကရာဇ်က စိတ်တိုတိုနဲ့သူမဘက်‌လှည့်‌အော်လာချိန် sky တစ်ယောက်ကတော့ ဖုန်းထုတ်ပြီးတစ်ယောက်ယောက်ကိုဖုန်းဆက်နေလေတယ်

"ခုပဲဒီကနေထွက်သွားတယ် ကားနံပါတ်က ........ လမ်းမှာဖမ်းထားလိုက် မိရင် ပညာကောင်းကောင်းပေးလိုက် မသေရင်ရပြီ "

အဲ့စကားကြားတော့မြတ်ပန်းဝေ မျက်လုံးမပြူးပဲမနေနိုင်ဘူး

"ဟဲ့ သူများသားသမီးကို .... နင်ရူးနေတာလား နင်ကယာကူဇာလားဘာလား....ကြောက်ဖို့ကောင်းလိုက်တာ"

သူမအပြောကြောင့် sky တစ်ယောက်မှောင်မဲသွားကာ

"အေး တော်တော် သနားကြင်နာပြနေလိုက် ဟိုကနင့်ကိုဖမ်းပြီးတော့ ရောင်းစား ဖာဖြစ်သွားမှ  ငါ့ကိုရက်စက်တယ်လာပြောသိလား ! "

မြတ်ပန်းဝေ မှားတယ်ဆိုတာသိပေမဲ့လဲ နင့်နင့်နဲနဲစကားလုံးတွေကိုကြားလိုက်ရတော့ ဒေါသထွက်သွားခဲ့လေတယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now