အပိုင်း(3)

192 14 6
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(3)

ဆံနွယ်ဖြူ အပြာရောင်မျက်ဆံ အရမ်းကိုလိုက်ဖက်လွန်းတာပဲ

သူ့ကိုကြည့်လိုက်တဲ့အခါ အပြာရောင် ကောင်းကင်နဲ့ အဖြူရောင်တိမ်လွာတေွကို ကြည့်ရသလိုပဲ လှပပြီး ဆန်းကြယ်တဲ့ခံစားမူ့ကိုပေးတယ်

မြင့်မြတ်တဲ့ဖြစ်တည်မူ့လို လူတွေနဲ့ အလှမ်း ဝေးကွာလွန်းသလို မျက်တောင်ရှည်တွေကကော့ညွတ်နေပြီး ပန်းသွေးရောင်ထနေတဲ့နှုတ်ခမ်းတို့ကနှစ်ခွ ..

Sky .... တဲ့လား လူနဲ့နာမည်တကယ်လိုက်တာပဲ

နာမည်လေးက‌အစ သူမရင်ကို ငြိမ့်ငြိမ့်လေးစီးဆင်းသွားစေတယ်

"Sky ! ဒီမှာ ထုံးစံအတိုင်း မင်းအတွက်ရည်းစားစာတွေ "

သူငယ်ချင်းဖြစ်ဟန်တူသူက စာအိတ်အထပ်လိုက်ကြီးကို ထိုးပေးလာပေမဲ့ လက်ခံရမဲ့သူကတော့ တချက်လေးတောင်ဂရုမစိုက် ကျစ်ခနဲစုပ်သပ်ကာ တခွန်းထဲပြောလာလေတယ်

"ဒိတ်အောက်လိုက်တာ "

မျက်နှာလွှဲလိုက်တဲ့အခါ ဖြစ်သွားတဲ့ဂျစ်ကန်ကန်မျက်နှာပေးက မြတ်ပန်းဝေရဲ့ အတွေးဖန်ပုလင်းလေးကိုခွမ်းခနဲကျကွဲသွားစေတယ်

စောနက သူမတွေးနေခဲ့တဲ့လိုက်ဖက်မူ့က အခုတော့ တခြားစီ တကွဲတပြားဖြစ်သွားပြီး ဘယ်နားမှာမှရှာမရလေတော့ဘူး

ဒီအတိုင်းကြည့်နေရင်တော့ကြွေရုပ်လေးလိုတန်ဖိုးကြီးမားပြီး အမူအယာတခုခုလုပ်လိုက်တဲ့အခါမှာတော့ မြေရုပ်လိုဈေးမရှိတော့ဘူး

နတ်ဘုရားက သူ့အရေခွံကိုလွှင့်ပစ်လိုက်ပြီး နတ်ဆိုးဖြစ်လာသလိုမျိုး အဖြူနဲ့အနက် အနီနဲ့အစိမ်းလို ဆန့်ကျင်ဘက်ဖြစ်သွားလေတော့တယ်

အဲ့ခနမှာ အဲ့နတ်ဆိုးလေးက ပါးစောင်ကိုလျှာနဲ့ထိုးပြီး  သူမရှိရာကိုမော့ကြည့်လာလေရဲ့ မြတ်ပန်းဝေခမျာမှာ ဦးရေပြားတွေထုံကျင်သွားကာ ဆံပင်တွေပါထောင်တက်သွားတာကိုခံစားလိုက်ရပြီး ခပ်မြန်မြန်မျက်နှာလွှဲလိုက်ကာ ခပ်သုတ်သုတ်ပြေးသွားခဲ့လေတော့တယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now