46.

53 6 0
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(46)

မန်နေဂျာက သူ့ရဲ့ရှေ့က အမျိုးသမီးသရုပ်ဆောင်ကိုကြည့်လိုက်တယ်

အရင်‌ကတော့ ဒီတစ်ယောက်က ကျက်သရေတုန်းပြီးအရှက်ကင်းမဲ့တယ် အခုတော့ ဖြူစင်ပုံပေါ်ပြီးဒေါသထွက်နေတာက အတော်ကိုချစ်ဖို့ကောင်းနေရော

ထွက်နေတဲ့ကောလဟာလတွေက အမှန်ရောဟုတ်ရဲ့လား ကြည့်ရတာတော့ ဒီတယောက်ရဲ့စရိုက်ကအရမ်းမဆိုးသလိုပဲ ပြီးတော့ သူမက သူဌေးကိုလဲအရမ်းချစ်ပုံပေါ်တယ်

မြတ်ပန်းဝေက အထပ်မြင့်ကြီးကို‌ေဒါသတကြီးမော့ကြည့်လိုက်တယ်

"သေမလို့အမြင့်ကြီးဆောက်ထားတာလား ကန်ချလိုက်ရင် အရိုးအသားမပေါ်ပဲနေဦးမယ် "

မန်နေဂျာက သူမရဲ့ကျိန်ဆဲတဲ့စကားလုံးကိုကြားတော့ မျက်ခုံးအသာပင့်လိုက်လေရဲ့

နောက်ဆုံးတော့ သူဌေးကိုတိုက်ရိုက်ဆူရဲတဲ့သူထွက်လာပြီပဲ

မြတ်ပန်းဝေက ဟိုတစ်ယောက်ကို မြင်ချင်နေပြီးဒေါသကလဲထွက်နေတော့ မန်နေဂျာရဲ့အူကြောင်ကြောင်ပုံကိုကြည့်ပြီးပိုဒေါသထွက်လာကာ အော်ထည့်လိုက်လေတယ်

"ဘာကြည့်တာလဲ မိန်းမလှကိုမမြင်ဖူးဘူးလား ငါ့ကို sky ဆီခေါ်သွားပေး မြန်မြန်! "

"ဒ္ီလမ်းပါ မဒမ် "

"....."

မဒမ် !

ဟမ့် !

မြတ်ပန်းဝေက အတွင်းရောအပြင်ရော ချဉ်စူးနေလေတယ်

သူမရဲ့ချစ်သူက ဒီခန္ဒာကိုယ်ပိုင်ရှင်နဲ့လက်ထပ်လိုက်တာကိုလဲ‌ဒေါသထွက်တယ် သူမပိုင်ဆိုင်ရမဲ့သူကို အပိုင်သိမ်းထားတာကိုလဲမုန်းလေတယ်

အဖျက်အားပြင်းနေတဲ့ဗုံးတလုံးလိုအချိန်မရွေးပေါက်ကွဲနိုင်တဲ့မြတ်ပန်းဝေကိုကြည့်ပြီး မန်နေဂျာလဲလျင်လျင်မြန်မြန်နဲ့တိတ်တိတ်ဆိတ်ဆိတ် သူဌေးရဲ့ရုံးခန်းကို ခေါ်သွားပေးလိုက်လေတယ်

"ဒေါက်ဒေါက်ဒေါက်"

မန်နေဂျာက သုံး‌ချက်တံခါးခေါက်ပြီးတာနဲ့

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now