Part-3

18.1K 758 59
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_3

"ချွင်"

"ချွင်"

"ချွင်"

သော်တာလှည့်ကြည့်လိုက်တော့ ဘယ်တုံးက ပါလာတဲ့ အအေးပုလင်းလည်းမသိ ကိုင်ထားကာ ရေကန်ကိုငေးလျက် သူ့ရဲ့ လက်ခလယ်က လက်စွပ်ဖြင့် တချွင်ချွင်မြည်အောင် လုပ်နေလေသည်....
အသံကိုကြားလေလေ ကြည့်မရလေဖြစ်တာကြောင့် စာရွက်တွေကိုပစ်ချလိုက်ပြီး သူ့အနားသွားကာ အအေးပုလင်းကို ဆွဲလုပြီး မော့သောက်လိုက်လေတော့သည်...

"စိတ်ပုတ်လို့...စိတ်ပုတ်ကြီး"

စိတ်ပုတ်ကြီးဟုပြောကာ မော့သောက်လိုက်တော့ အရသာကြီးက ခါးသက်ကာလည်ပင်းထဲပူဆင်းသွားရပြီး...

"ဖရူး"

"ဖလွတ်"

"ဟာ့ ....မင်း"

ထွေးထုတ်လိုက်တဲ့ အရည်တွေနဲ့သွားရည်တွေပေါင်းကာ သူ့ရင်ဘတ်ကို ဖွားကနဲ လာစင်လေတော့သည်...

"ကျစ်....ဟာကွာ....သေတော့မှာပဲ"

လူတွေရဲ့သွားရည်ကို ရွံ့တတ်တဲ့ သုနေတင်ထွဋ်ဟာ လက်ကားယားဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေလေတော့သည်...
လူကြီးတွေရဲ့သွားရည်မပြောနဲ့ ၅နှစ်လောက်သူနေခဲ့ဖူးတဲ့ မိဘမဲ့ဂေဟာက ကလေးလသားလေးတွေသွားရည်တမြားမြားနဲ့ လာနမ်းရင်တောင် မကြိုက်တတ်တဲ့ လူစားမျိုးဖြစ်တာကြောင့် အခုလိုလူကြီးပါးစပ်ကထွက်ကျလာတဲ့အရည်တွေကြောင့်ရှေ့ကရေကန်ကြီးထဲ ပြေးဆင်းရမလိုလို အရှေ့က လက်တောက်လောက်လေးကို ​ကိုင်ပေါက်လိုက် တော့မလိုလိုနဲ့ ဒေါသတွေတဟုန်ထိုးတက်နေလေတော့သည်....

"သေတော့မယ်...မင်းတော့"

ဘယ်လိုမှမနေတတ်တော့တာဖြစ်လို့ သူရဲ့ အညိုရောင်စပို့ရှပ်ကို ဆွဲချွတ်လိုက်တော့...

မျက်လုံးအပြူးသားပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ အသေးလေးကြောင့် နေတင်သည် ရှက်သွားကာ အင်္ကျီကိုပြန်ကောက်စွပ်လိုက်လေတော့သည်....

"ကျစ်...သေချင်နေပြီလား မင်း"

သော်တာကို သေချင်းထပ်ကာကြိမ်းနေတဲ့လူကြီးက အခုနကတော့ အင်္ကျီဆွဲချွတ်လိုက်တုံးက ပေါ်ထွက်လာတဲ့ ရင်ဘတ်နဲ့ဗိုက်သားဟာ အဆီဆိုတာအပိုလိုမရှိတဲ့ ကြွက်သားတွေ ဟာအမြောင်းလိုက်ဖြစ်ကာ သူ့ရဲ့ ညိုစိုစို ပေါင်မုန့်ချောင်းတွေဟာထင်းနေလေတော့သည်....

⚜️Nay Tin's Love Story⚜️Where stories live. Discover now