Part_35

22K 848 45
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_35

ဦးထွဋ်မြတ်အောင်သည် စာရွက်ကို လုံးချေလိုက်ရင်း လည်ဂုတ်ကို ဖိလိုက်ကာ...

"သုနေတင်ထွဋ်!!!!!"

ဒေါသဖြစ်စွာဖြင့် အသံကုန် အော်လိုက်မိတော့သည်....

''တောက်"

''လူပါးဝလိုက်တဲ့ ခွေးသား''

Gordon ကနေ ကားကို မနားတမ်း တောက်လျှောက် မောင်းလာခဲ့ပြီး ချင်းမိုင်ရောက်တော့ လေယာဉ်နဲ့ ချက်ချင်း ပြန်လာခဲ့တဲ့ဟာကို အခု မနက်မိုးလင်းတော့ သမီးက အိမ်မှာ မရှိတော့ဘူးတဲ့ ....

ဗူးခွံတွေ အမှိုက်တွေက အိတ်ခပ်ကြီးကြီးနဲ့ တစ်လုံးအပြည့်ဖြစ်သည်... ကြည့်ရတာ ညကတည်းက ရောက်နေပုံရကာ အေးအေးဆေးဆေး စားသောက်ပြီးတော့ ညပါအိပ်သွားကြတဲ့ပုံပင်....

''တောက်"

''ဒါ  ဒါ ဘယ်လို စောက်ရှက်ကွဲမှုမျိုးလဲ ''

အပွဲပွဲ နွှဲလာခဲ့သမျှ သမီးသော်တာ ယောကျာ်းယူတော့မှပဲ ထွဋ်မြတ်အောင်တို့ ရာဇဝင် ရိုင်းရတော့သည် .....

မေရီက သမီးကို ခန့်မင်းသာနဲ့  နေရာချပေးဖို့ကို နဂိုကတည်းက အင်တင်တင် ဖြစ်နေတာလေ သူ့ကိုကြောက်လို့သာ ငြိမ်နေတာ အခုတော့ အခုတော့ သွားပြီပေါ့.....

"ငါကွာ"

''တောက်'''

Gordon မှာ သွားပြန်ခေါ်တုံးကလည်း ဟိုခွေးသားက သမီးသော်တာကို နည်းနည်းလေးမှတောင် အထိအခိုက်မခံတာကို  အခွင့်ကောင်းယူပြီး အကောက်ကြံလိုက်လို့သာ  အလွယ်တကူ ပါလာခဲ့တာ ....

သတိလစ်ပြီး လဲကျနေခဲ့တာကိုတောင် ဘယ်အချိန် ပြန်သတိရပြီး ဘာနဲ့လိုက်လာခဲ့လို့ ဒီလောက်တောင် မြန်ရတာတဲ့လဲ....

"ဟာ ''

တစုံတခုကို တွေးမိပြီး ဦးထွဋ်မြတ်အောင် မျက်ခုံးတွေ ပင့်သွားရတော့သည်...

"မဟုတ်မှ လွှဲရော ဒီကောင် ရဟတ်ယာဉ်နဲ့ လိုက်လာခဲ့တာများလား ''

ဒီလောက်မြန်မှတော့ ဒါပဲရှိတော့တာပေါ့.....

သုနေတင်ထွဋ်ရဲ့ ပိုင်ဆိုင်မှုကို စိတ်ထဲမှာ မှန်းဆကြည့်နေရင်း ဦးထွဋ်မြတ်အောင် ဒေါသတွေ ပိုထွက်လာရကာ မှန်တင်ခုံကို  ဆောင့်ကန်ပစ်လိုက်တော့သည် .....

⚜️Nay Tin's Love Story⚜️Where stories live. Discover now