Part _13

17.8K 845 37
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_13

"မူးချင်ရင်လေ ချားစီးလိုက်''

''ဘာကွ''

''ဒါမှမဟုတ်ရင် မတ်တပ်ရပ်ပြီး  ပတ်ချာလည်အောင် လှည့်နေလိုက် အဲဒါဆို မူးသွားလိမ့်မယ်'''

'''ဟားဟားဟားဟား'''

မျက်နှာထားတင်းတင်း လေသံက မိုးပေါ်က မဆင်းလေတဲ့ သုနေတင်ထွဋ်ရဲ့ တဟားဟား ရယ်သံကြီးဟာ ပါတီတစ်ခုလုံးကို ဖုံးလွှမ်းနေလေတော့သည်.....

"ဟယ်လို''

''ဟယ်လို''

''အားလုံး မင်္ဂလာပါခင်မျာ ကျွန်တော်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ဒီရဲဇော်ပါ ''

''ဒီပွဲလေးကို Gordon ရဲ့ ပဲ့ကိုင်ရှင် ကိုနေတင်ရဲ့ ညွှန်ကြားချက်အတိုင်း အကောင်အထည် ဖော်ပေးရတဲ့သူပါ  ''

"အစားအသောက်တွေကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ဖန်တီးပေးထားသလို ညီအစ်တွေ  အားလုံး အပန်းပြေစေဖို့အတွက် ဖျော်ဖြေရေး အစီအစဉ်လေးကိုလည်း  ထည့်သွင်းပေးတားပါတယ်ခင်ဗျ"

"ဒီ Unplugged တီးဝိုင်းလေးကို ညီအစ်ကိုတို့ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ် ''

''ဟေးး'''

''ညီတို့ ကြိုက်တဲ့ သီချင်းလေးတွေကို တောင်းဆိုလို့ ရသလို့ ညီတို့ဝါသနာပါတယ် ဆန္ဒရှိကြတယ်ဆိုရင် ကိုယ်တိုင်လည်း ဝင်ဟဲလို့လည်း ရပါတယ် ခင်ဗျ"

''ကြိုက်ပြီဗျာ''

''ဒီအစီအစဉ်ကို အကြိုက်ဆုံးပဲဗျို့''

ဆရာဝန်နဲ့ male nurse တွေဆီကနေ  တစ်ယောက်တစ်ပေါက် ထွက်လာတဲ့ အသံတွေနဲ့ ပါတီက ဆူညံ သက်ဝင်နေလေသည်....

ကိုနေတင်ရဲ့ ရယ်သံကြီးကို ပါတီမှာ ရှိနေတဲ့သူတွေရဲ့ အာရုံက စုပြုံသွားတာမို့  ဒီရဲ  စတိတ်စင်ပေါ်ကို အမြန်ခုန်တက်ကာ အာရုံလွှဲပစ်လိုက်ရသည်.....

လူတွေရဲ့ အာရုံက စတိတ်ပေါ်ကို ရောက်လာတော့မှ  ဒီရဲ သက်ပြင်းခိုးရှိုက်ရင်း ကိုယ့်ဆရာ မျက်နှာကို လှမ်းအကဲခတ်ရသည်....

ဒေါက်တာညီရဲတို့ ဇနီးမောင်နှံဝိုင်းကို မျက်လုံးနဲ့ အကြည့်တစ်ချက် ဝေ့ပြကာ ထိန်းထားလို့ ပါးစပ်လုံးဝ မလှုပ်ပဲ အမူအယာနဲ့ လုပ်ပြလေသည်....
ဟ တကယ်ကြီးပါလားဟ  ....

⚜️Nay Tin's Love Story⚜️Where stories live. Discover now