Part_42

14.6K 742 49
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_42

"ဟာ ကလေး အဲဒါက ဘယ်ကိုသွားတာလဲ 
ကိုယ့်အနားမှာပဲ နေလေ"

''ခဏလေးပါ''

''အဲဒီခဏလေးက ဘယ်ကိုလဲလို့ ''

''ဟာ အီးပါမလို့ပါဆို''

''ကိုကိုကြီးပဲ တစ်နေ့ကုန်တစ်ညကုန်  ပါနေတာ အနော်က အခုမှ ပါမလို့ ငြိမ်ငြိမ်လေးအိပ်နေ''

''ဟာကွာ အဟွန်း''

လက်ညိုးလေး တစ်ထောင်ထောင်နဲ့ သူ့ကို ဆူသလိုလေး ပြောပြီး Toilet ထဲကို ခပ်သွက်သွက် ဝင်သွားတဲ့ ပူတူးကြောင့်  နေတင်ပြုံးလိုက်မိတော့သည်....

သိပ်မကြာလိုက် ကိုယ်မှာ တဘက်လေးပတ်ပြီး ရေချိုးခန်းထဲကနေ ထွက်လာလေသည်...
ခြေလက်ဝင်ဆေးရင်း ရေပါတစ်ခါထဲ ချိုးလာပုံရကာ ဗီရိုထဲက အိမ်နေရင်း ဘောင်းဘီနဲ့အင်္ကျီ ဝမ်းဆက်လေး ထုတ်ဝတ်ပြီးတာနဲ့ သူ့အနားမှာ လာထိုင်တော့တာမို့  နေတင်ကျေနပ်သွားရသည်....

ရင်ခွင်ထဲကို ခေါင်းထိုးဝင်ကာ ချွဲလိုက်တော့ သူမရဲ့ လက်ကလေးနှစ်ဖက်နဲ့ ထွေးပွေ့ပေးထားတာမို့  ကြည်နူးကျေနပ်ရလွန်းတဲ့ စိတ်နဲ့ မျက်ရည်တောင် ဝဲလာရလေသည်.....

''လိမ္မာလိုက်တာ မိန်းမရယ် အရမ်းကို အလိုက်သိတတ်ပြီး တာဝန်ကျေတဲ့ ပူတူးလေး"

''အနော့်ကို ကိုကိုကြီး တာဝန်ကျေတာက ပိုများတာပါနော် အနော်က အခုမှ ပြန်လုပ်ပေးရတာလေ''

''ပူတူးက ရွံစရာတွေ မပါဘူးလေကွာ အခု ကိုကိုကြီးဖြစ်တာက အန်တာကော ဝမ်းသွားတာတွေကော လူက လုံးဝကို မဟန်လို့သာ ကလေးလုပ်ပေးတာ ငြိမ်ခံနေရတယ် အားနာလိုက်တာ မပြောပါနဲ့တော့''

''ဟော အဲဒါက ဘာစကားလဲလို့  အနော်နဲ့ကိုကိုကြီးကြားမှာ အဲဒီလို ရွံစရာ အားနာစရာတွေ လိုလို့လား  ပြော''

သက်ကလေးက မျက်စောင်းလေးထိုးပြီး ပြောလာတဲ့စကားကြောင့် နေတင်ရင်ထဲမှာ ကျင်ခနဲနေအောင် ခံစားနေရသည်....

လက်ကလေးကို ဆွဲယူကာ ဖိကပ်နမ်းရှိက်ရင်း....

"သေးသေးလေး ကိုကိုကြီးလည်း ရေချိုးချင်တယ်"

⚜️Nay Tin's Love Story⚜️Where stories live. Discover now