Part_11

19.1K 864 93
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_11

"ထိုင်ပါ ရှင့် ထိုင်ပါ"

ဘယ်ကပေါ်လာမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုအတင်းဆေးကုမယ်ချည်းလုပ်နေလို့ ဟိန်းထက်စံ ကြောင်သွားလေသည်....
ငြင်းဖို့လုပ်မလို့ဟာကို ကိုကြီးနေတင်က အနောက်ကနေ ခါးထောက်ကာရပ်ကြည့်နေတာဖြစ်လို့
ထက်စံလည်း သိပ်မငြင်းရဲ....

"ဒါကို ရိုးရိုးအရွက်လို့ထင်နေတယ်မဟုတ်လား မထင်လိုက်ကြပါနဲ့ သိပ်ကို ဆေးစွမ်းထက်တဲ့အရွက်ပါ ခဏနေသူရဲ့ ဒဏ်ရာတွေ ယူပစ်သလိုပျောက်သွားလိမ့်မယ်"

"ဥုံ အခုပျောက် ...အကုန်ပျောက်....မပျောက်ရင်တော့ သေရွာရောက်"

"ဟမ်"

"အာ ဆောရီး ဂါထာကမှားသွားလို့  အကုန်ပျောက်စေရမယ် စိတ်ချ"

ထိုလူရဲ့ ပတ်တီးစည်းထားတဲ့နေရာတွေကို ထိုအရွက်နဲ့ လိုက်တို့လိုက်လေသည်...

"အဟင်း ပျောက်သွားလိမ့်မယ်နော် "

သော်တာသည် ခြေလှမ်းလေးနောက်ဆုတ်ကာရပ်ကြည့်နေတုန်းမှာပဲ ထိုလူပုံစံဟာ ယိုးယိုးယွယွတွေဖြစ်လာတာမို့ ကြိတ်ရီလိုက်လေသည်...

"အား ယားတယ် ယားတယ်ဟ"

ထိုလူသည် သူ့ခေါင်းကပတ်တီးတွေ သူ့လက်ကပိတ်တီးတွေကို ကိုယ်တိုင်ဆွဲဖြုတ်ကာ အိန္ဒြေမဆည်နိုင်စွာဖြင့်ကုတ်ပါလေတော့သည်..

"ဟင်"

"ဟာ"

ပတ်တီးလုံးလုံးကုန်သွားချိန်တွင် ထိုလူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာအနာဒဏ်ရာမှမရှိတာကို လူတိုင်းတွေ့သွားလေတော့သည်...
သော်တာထင်နေတဲ့ အတိုင်းဒီလူဟာ ညာနေတာပါလား....
ခွေးလျားသီးသုတ်ထားပြီးကိုင်ထားတဲ့ လက်အိတ်ကို ချွတ်ကာ သော်တာခပ်နည်းနည်း အနောက်ဆုတ်တော့.....

"ဟိန်းထက်စံ!!!"

ဦးနေကြီးရဲ့ အသံသြသြကျယ်ကျယ်ကြီးကထွက်လာတာဖြစ်လို့ သော်တာကိုယ်လေးတောင်တုန်လှုပ်သွားလေတော့သည်....

"မင်း ဘာဒဏ်ရာမှ မရပဲ လိမ်တာပေါ့လေ"

"ကို...ကိုကြီး"

⚜️Nay Tin's Love Story⚜️Where stories live. Discover now