Part_25

19.9K 905 68
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_25

တောင်ပေါ်ခြံထဲမှာ အချိန်ဖြုန်းနေကြရင်း   ၅နာရီကျော်လာတော့ မိုးသားတွေ ညို့လာပြီဖြစ်တာမို့ နေတင်သည်  လျို့ဝှက်သော အပြုံးလေးတစ်ခုကို ခိုးပြုံးလိုက်လေတော့သည်....

ခွင့်လွှတ်ပါ သက်ကလေး ကိုကိုကြီး
လုပ်သမျှက မင်းလေးကို ချစ်လွန်းလို့ပါကွာ....

သက်ကလေးရဲ့ အနားကို တိုးကပ်သွားလိုက်ရင်း....

"ကဲ ပူတူးလေး မမောသေးဘူးလား
ခြေထောက်တွေ ညောင်းလို့  နားချင်နေတာဆို ''

''ဟုတ် အနော်က ဒီမှာ စိတ်ဝင်စားတွေ တွေ့နေရတော့ ခြေထောက်ညောင်းတာတောင် မေ့နေတာ ဟီးဟီး''

''ဘာကို စိတ်ဝင်စားလဲ စားစရာတွေမှ
ဟုတ်ရဲ့လား''

''ဒီမှာလေ နှင်းသီးရော လောင်ဂန်သီးတွေရော အများကြီး ရနေပြီ''

''ထည့်စရာလည်း မပါပဲနဲ့ ဘာနဲ့ သယ်သွားကြမလဲ''

သူရဲ့ လက်ဖဝါးနှစ်ဖက်ကို ပူးပေးလိုက်ရင်း...

"ကဲ ကိုကိုကြီး လက်ထဲကို ဆန့်သလောက်ထည့်  ကျန်တာက အသေးလေးကိုင်""

""ဟင် အဲလိုကြီး ယူသွားရမှာလား""

"ဟာ အဲဒါဆို ဘယ်လိုထည့်မလဲ ပုဆိုးခါးပုံစထဲကို ထည့်မလား"

"ဟာ အဲဒီထဲကိုတော့ မထည့်ချင်ပါဘူး ရွံစရာကြီး''

'"ဟ ဘာကို ရွံတာတုန်း''

''ဘာကို ရွံရွံပေါ့လို့ ခါးပုံစထဲကိုတော့ မထည့်ချင်ပါဘူး ''

''ဒါဆို သက်ကလေး ဂါဝန်နဲ့ ထုပ်မလား''

''ဟယ် ကိုကိုကြီးနော် သွား'''

''ဟားဟားဟားဟား''

''အော်လိုက်တာကွာ တကယ်ကြီး ဘယ်သူက ထည့်မှာလဲ ဂါဝန်ထဲ စုထည့်ပြီး သယ်ရင် မမြင်ဝံ့တာတွေ  မြင်ကုန်မှာပေါ့''

''ကိုကိုကြီး!!!!''

''ဟားဟားဟား''

''လာကလေး လာတော့ မိုးရွာတော့မှာ အိမ်ပြန်ကြစို့''

ခူးပြီး သယ်လာတဲ့ အသီးတွေကို အိမ်ရှေ့က စားပွဲပေါ်မှာ တင်ထားလိုက်ပြီး  နေတင်အိမ်ထဲကို ဝင်လာလိုက်သည်...
မီးဖိုထဲက ဗီရိုထဲကနေ ထည့်စရာ ယူလာလိုက်ပြီးတော့ အသီးတွေကို ချောင်းထဲမှာ ရေနဲ့သေချာ ဆေးလိုက်သည်...

⚜️Nay Tin's Love Story⚜️Where stories live. Discover now