Part_8

16.6K 754 50
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_8

"အသေးလေးရဲ့အိမ်က ဘာလို့ မှောင်မည်းနေရတာလဲ ဘာမီးလေးမှတောင် မဆောင်ထားဘူးလားကွာ "

"ကျစ်"

သူဘာကိုစိတ်ပူသွားမှန်းမသိ  ခပ်သွက်သွက် ပြေးလာကာ ဘန်ဂလိုထဲကို ဖုန်းမီးလေးနဲ့ ထိုးကြည့်လိုက်တော့.....

"ဟာ"

တောက်ပနေတဲ့ မျက်လုံးကြီးနှစ်စုံကို အမှောင်ထဲမှာ လက်ခနဲနေအောင် မြင်လိုက်ရတော့ သူ ရုတ်တရက် လန့်သွားရသည်....

နောက်မှ သားနှစ်ကောင်ရဲ့ မျက်လုံးတွေဆိုတာ သတိထားမိပြီး စိတ်သက်သာသွားရတော့သည်....

ဒီနှစ်ကောင်ရဲ့ ကြားထဲမှာတော့ ဆောင့်ကြောင့်လေး ထိုင်နေကာ အရမ်းကို ထိန့်လန့်ကြောက်ရွံ့နေမှန်း သိသာလှတဲ့ မျက်နှာနုနုလေး....

နဂိုကတည်းက သေးရတဲ့အထဲ ဟိုနှစ်ကောင်ကြားထဲမှာ ငုတ်တုတ်လေးဆိုတော့ ပိဘိကလေးငယ်လေး တစ်ယောက်နှယ်....

လွန်ခဲ့သော အနှစ်၂၀ခန့်က ၁၅နှစ်ကလေးကောင်လေးတစ်ယောက် အမှောင်ထဲထိုင်ကာ ငိုပြီး အထီးကျန်နေခဲ့တာကို သတိရသွားကာ နေတင်စိတ်အစုံဟာ နွမ်းကျသွားလေတော့သည်....

"အာကွာ''

"အသေးလေး''

''ဟင် ''

''ဦးနေကြီး'''

မျက်နှာငယ်လေးက  ပြုံးသွားကာ ဝမ်းသာအားရ  လှမ်းကြည့်ပြီး ပြန်ထူးလာတဲ့ အသံလေး....

"အသေးလေးက ဘာလို့ ကြောက်နေရတာလဲ ဘာဖြစ်လို့လဲ မီးမထွန်းပဲနဲ့ ဘာလို့ အမှောင်ထဲမှာ ထိုင်နေရတာလဲ''

''အနော်က''

''လာ တံခါးလာဖွင့်ပေး ''

''ဟုတ် လာပြီ လာပြီ'''

''ကလစ်'''

''ဖုန်း flash light လေးတော့ ဖွင့်ထားလေကွာ  မဖွင့်ပဲ ဘာလုပ်နေတာလဲ ''

''အနော့ဖုန်းကအား မရှိတော့ဘူး''

''အာ အဲလိုကြီး ကုန်အောင် သုံးပစ်ရလား မကုန်ခင် သွင်းလေ''

'''Milo တို့ ကာတွန်းကား ကြည့်နေတုန်း ဖြစ်သွားတာ''

''ကျစ် ဒီကောင်တွေကွာ'''

⚜️Nay Tin's Love Story⚜️Where stories live. Discover now