Part_27

30.7K 864 56
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_27

"ဟိုဖက်ကို လှည့်နေလေ''

''ကဲ လှည့်ပြီဗျာ လာရှက်နေလိုက်သေးတယ် ဒီကကောင်က မမြင်ဖူးတာကျလို့''

''ကိုကိုကြီး''

''ဟားဟားဟား''

''လာ ကလေး လာ''

နေတင် စောင်ကို ဖယ်လိုက်ပြီး ဇနီးချောလေးကို ချီပွေ့လိုက်တော့.....

"ဟင်''

''ဘာဖြစ်လို့လဲ  ကိုကိုကြီး''

ပန်းရောင်လွလွ အိပ်ရာခင်းမှာ စွန်းပေနေတာလေးကို မြင်ပြီး နေတင်ပြုံးနေမိဆဲ သူကြည့်တဲ့နေရာကို လှည့်ကြည့်လာတဲ့ ဇနီးချောလေးရဲ့ မျက်နှာလေးက ရဲနေရှာတာမို့  ဘာမှပြောတော့ပဲ ချောင်းထဲကိုသာ ချီပြီး ခေါ်လာလိုက်တော့သည်.....

''ကိုကိုကြီး အိပ်ရာခင်း အသစ်ကြီး ပေသွားပြီ 
အနော်လျှော်လိုက်မယ်"

''ပူတူးလေးက လျှော်စရာလားကွာ ကိုယ်လုပ်မှာပေါ့"

''အာ  မဟုတ်ဘူးလေ''

''ဘာလို့ မဟုတ်ရမှာလဲ'''

''' ကဲ ကလေး ရေထဲကို ဆင်း ဒီမှာ သွားတိုက်တံ သွားတိုက်ဆေးပါ ထည့်ပြီးသား ရော့''

''ဟုတ်''

သော်တာ သွားတိုက်ပြီးတော့ ဆံပင်ကို အပေါ်မှာ ဆံထုံးထုံးလိုက်ပြီး ရေထဲမှာ စိမ်နေလိုက်တော့သည် ....

"ကလေးလေး ထတော့ ကိုယ် ဆပ်ပြာတိုက်ပေးမယ်''

"ဟင့်အင်း အနော် ကိုယ့်ဟာကိုယ် တိုက်မှာ''

''လာပါကလေးရယ် ကိုကိုကြီးက  တိုက်ပေးချင်လို့ပါဆို ''

ကိုကိုကြီးက ပြောပြောဆိုဆို သော်တာ့ကို ရေထဲက ဆွဲထူပြီး ဆပ်ပြာတိုက်ပေးနေတော့သည်.... ဒီလို အချိန်မှာတော့ ကိုကိုကြီးရဲ့ မျက်နှာဟာ တည်ငြိမ်အေးချမ်းနေပြီး  တကယ့် ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က ရေချိုးပေးနေတဲ့ ပုံမျိုးထက် မပိုပါ .....

သော်တာငယ်ငယ်တုံးက မေမေက ရေချိုးပေးနေတုံးကနဲ့တောင် တူသေးတော့သည်.....

''ကဲ တိုက်ပြီးပြီ ရေထဲမှာ တစ်ခေါက် ပြန်စိမ်လိုက် "

''ဟုတ်''

⚜️Nay Tin's Love Story⚜️Where stories live. Discover now