Part_17

16.6K 841 54
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_17

လမ်းပေါ်မှာ တည့်တည့်ကြီး ရပ်ထားတဲ့ ကုန်ကားကြီးဟာ တရွတ်တိုက်ကြီး နောက်ဆုတ်သွားနေရာက အနည်းငယ် နိမ့်နေတဲ့ လမ်းရဲ့ညာဘက်ကို စောင်းပြီး လျှောကျသွားကာ ကန့်လန့်ကြီး လဲကျသွားတော့သည် .....

"ဟာ ''

''ကိုနေတင်''

ကားနှစ်စင်းတိုက်တဲ့ပုံက ဆိုးဆိုးရွားရွားကြီးမို့ ဒီရဲ အရမ်းစိတ်ပူသွားရပြီး ကားကြီးရဲ့ ရှေ့ခန်းနားကို ပြေးလာတော့ ကိုနေတင်က ကားပေါ်ကနေ စမတ်ကျကျပုံနဲ့ ပေါ့ပါးစွာဖြင့် ခုန်ချလာလေသည်....

"ကိုနေတင် အဆင်ပြေလား''

''အင်း''

ဟိုဖက်က ကုန်ကားသမားက ကြောင်ပြီးကြည့်နေရာက အခုမှ သတိဝင်လာပြီး.....

"ခင် ခင်ဗျား ဒါ ဘာလုပ်တာလဲ''

နေတင် မခိုးမခန့် ပုံမျိုးနဲ့ ပုခုံးတွန့်ပြလိုက်ပြီး.....

"ကားတိုက်လိုက်တာလေ ''

''မင်း မင်း သေသွားချင်လို့လား'''

"အဟက် ''

''မင်းလိုကောင်ကများ လာစမ်း''

''ခွပ်'''

''ခွပ်''

''ဒုတ်'''

'''အု''

ကားသမား ကော်လံစကို ဆောင့်ဆွဲပြီး မျက်နှာကို ဘယ်ညာ ဝိုက်လက်သီး သုံးလိုက်တော့ နှာခေါင်းရိုးနေရာကနေ သွေးတွေ ဖြာခနဲ ကျလာလေသည် ....

"အားးး''

ကားသမားက မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး သွေးရူးသွေးတန်းနဲ့ အော်နေဆဲ
ဗိုက်ကို ဒူးနဲ့ နှစ်ချက် ပင့်ဆောင့်ပစ်လိုက်တော့ ဗိုက်ကို နှိပ်ကာ ခွေလဲကျသွားတော့သည်....  ပျာပျာသလဲ  လူးလဲ ထလာကာ ဒူးထောက်ထားရင်း...

"ဆ ဆရာ တောင်းပန်ပါတယ် မလုပ် မလုပ်ပါနဲ့တော့ ခင်ဗျာ''

''ဘာဆရာလဲ လီးဆရာလား ခုနက မင်းငါ့ကို ပြောနေတာတွေ ငါအကုန်ကြားတယ်ကွ ခွေးသားရ မင်းငါ့ကို ဆဲနေတာ တစ်လမ်းလုံး မင်းလီးတွေချည်းပဲ ဖြစ်နေပြီ''

''တောင်း တောင်းပန်ပါတယ်ဆရာ'''

''မင်းက ဒီနယ်မြေကို အခုမှ ရောက်လာတဲ့ လူသစ်လား'''

⚜️Nay Tin's Love Story⚜️Where stories live. Discover now