Part_19

19.7K 944 59
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_19

ဘေးတွေ့တိုင်း ဦးနေကြီး အမြဲရောက်လာတတ်တာကို သတိရရင်းဦးနေကြီးကိုသာ တွေချင်လာရတော့သည်......

ညနေက စောင်းလာပြီး မိုးသားတွေ အုံ့ဆိုင်းလာကာ မိုးက တဖွဲဖွဲလေး ရွာနေရာကနေ တဖြည်းဖြည်း သည်းလာလေတော့သည်.....

"အဟင့်ဟင့်  ဦးနေကြီးရေ''

''ဦးနေကြီးလို့''

'' ဦးနေရေ အနော့်ကို လာကယ်ပါအုံး''

''ဦးနေရေ''

''ဦီးနေကြီးရေ''

"အဟင့်ဟင့် အနော်က ဒီမှာ''

တဖြည်းဖြည်း အမှောင်ထုက ကြီးစိုးလာနေပြီး ဘာအမိုးအကာမှ မရှိတဲ့ ချောက်ထဲမှာ  သော်တာ တစ်ယောက်ထဲဆိုတဲ့အသိနဲ့  ကြောက်စိတ်တွေ ဝင်လာရတော့သည်....

''အနော်က တစ်ညလုံး ဒီမှာ နေရတော့မှာလား အနော့်ကို လာကယ်မယ့်သူ မရှိတော့ဘူးလား အဟင့် ဟင့်"

''ဖျောက်''

''ပေါက်''

သစ်ရွက်တွေပေါ်ကနေ တစ်ဆင့် တဖျောက်ဖျောက် စီးကျလာနေတဲ့ မိုးရေပေါက်ကြီးတွေက သော်တာ့ ကိုယ့်ပေါ်ကို  အဆက်မပြတ် ကျနေကာ တစ်ကိုယ်လုံး ရွှဲနစ်နေရပြီ ဖြစ်သည်....

အပေါ်ကို တက်ဖို့ကလည်း  အားပြုပြီး ကိုင်စရာက ဘာမှမရှိ  ဒီအတိုင်းနေလို့လည်း မဖြစ်တာမို့  ဘယ်လိုနည်းနဲ့ အပေါ်ရောက်အောင် လုပ်ရမလဲ တွေးကာ အနီးအနားက မြက်လို အပင်လေးတွေကို  ကိုင်ဆွဲကြည့်တော့ အတော်အသင့်တော့ ခိုင်တာမို့ သော်တာ အားတက်သွားရသည်.....

"အင်း ကျွတ် ကျွတ် ''

'''နာလိုက်တာနော်'''

လက်ကို မြှောက်လိုက်တော့ လက်မောင်းရင်းက တော်တော်ကြီး နာနေကာ အရမ်းကြီး လှုပ်ရှားလို့မရ ဖြစ်နေပြန်တော့ သော်တာ အားလျော့လာရတော့သည်....

"အို ဒီလောက်နဲ့ အားလျှော့လိုက်စရာလား ငါက သက်သော်တာထွဋ်လေ ရအောင် တက်မယ် ''

မြေသားနံရံကို သော်တာ အတင်း ကုတ်ကပ်ပြီးတက်တော့  ချောက်ရဲ့ တစ်ဝက်နားထိ ရောက်လာကာ  ကမ်းပါးယံမှာ ကပ်ပပြီးပေါက်နေတဲ့ အပင်ကို လှမ်းဆွဲလိုက်သည်....

⚜️Nay Tin's Love Story⚜️Where stories live. Discover now