Part_18

16.8K 864 55
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_18

"အသေးလေး''

'"ပူတူးလေး'''

'''ဘာလို့ ငိုနေရတာလဲကွာ ဒူးက မထောက်နဲ့လေ ဒူးနုနုလေးက ပွန်းကုန်မှာပေါ့ ပူတူးရဲ့ ထ ပူတူးထ ဒီမှာထိုင်''

'''အဟင့် ဟင့် ဟင့်''

ဦးနေကြီးက သော်တာ ဒူးထောက်နေတာကို ဆွဲထူပြီး ခုံမှာ ထိုင်စေသည်....

သော်တာ ထိုင်နေတဲ့ ခုံရှေ့မှာ ဦးနေက မထပဲ ဆက်ပြီး ဒူးထောက်နေတော့ ဦးနေရဲ့ မျက်နှာနဲ့  သော်တာ့မျက်နှာဟာ နီးနီးကပ်ကပ်လေး ဖြစ်နေလေသည် ..

ညို့ငင်ဆွဲဆောင်နေသလို အကြည့်တွေကို  သော်တာ ရင်မဆိုင်ရဲတာမို့ ခေါင်းကို ငုံ့ချထားလိုက်မိတော့သည်....

"အသေးလေး"

"ကိုယ့်ကိုကြည့်ပါအုံးကွာ"

""ဟင့်အင်း'''

''လမ်းပိတ်အောင် ကိုယ်က တမင်လုပ်နေတယ်ဆိုတာကို မငြင်းပါဘူး''

''ဟင်''

သော်တာ အလန့်တကြားနဲ့ မော့ကြည့်လိုက်တော့ ....

အရည်ကြည်တွေ လဲ့ဖြာနေတဲ့ ဦးနေကြီးရဲ့
ရွှန်ရွှန်းစားစား အကြည့်တွေက သော်တာ့ တစ်ကိုယ်လုံးကို ထွင်းဖောက်သွားတော့မလားတောင် ထင်နေရလေသည် .....

နူးညံ့ချိုသာစွာ ပြုံးပြလာရင်း.....

''ဘာလို့ ဒီလိုလုပ်တာလဲ ဆိုတော့ ကိုယ်က မင်းမရှိပဲ နေလို့ မရတော့ဘူးလေ"

''ရှင်''

''ဘာလို့နေလို့ မရတာလဲဆိုတာကော မသိချင်ဘူးလား မမေးတော့ဘူးလားဟင်''

''ဟို ဟို အနော် အနော်က ဟို''

ရီဝေညို့ငင်နေတဲ့ ဦးနေကြီးရဲ့ မျက်လုံးတွေထဲမှာ အရမ်းကို ထူးဆန်းပြီး ချိုမြိန်လှတဲ့ တစုံတရာကို မြင်နေရတော့ သော်တာ့ရင်တွေ ထိန်းလို့ မရအောင် ခုန်လှုပ်လာပြီး ဘာဆက်ပြောရမှန်း မသိတော့....

"ဒုတ်ဒုတ်''

"ဒုတ်ဒုတ်''

''အဟွန်း'''

''ကိုယ့်ရဲ့ ပူတူးလေးက ကြောက်နေတာလား မကြောက်ပါနဲ့ကွာ ကိုယ်က မင်းကို အန္တရာယ် ပေးမယ့်သူ မဟုတ်ပါဘူး "

⚜️Nay Tin's Love Story⚜️Where stories live. Discover now