Part_47

15.5K 872 71
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_47

ဒီရဲ လိုအပ်တဲ့ ပစ္စည်းများ ဝယ်လာပြီး ကိုနေတင် ခွဲခန်းဝင်ရတော့မယ့်အချိန် ကပ်နေတာကြောင့် ခပ်သုတ်သုတ်လေး လျှောက်လာစဥ်...

"ဟင်"

"မရီး"

"ကိုဒီရဲ"

မျက်နှာချင်းဆိုင် ဆုံကြတဲ့ သူတို့နှစ်ယောက်.....

ကိုဒီရဲကိုဆေးရုံံမှာ လူအကောင်လိုက်မြင်လိုက်ရချိန် သော်တာ အရမ်းကိုပင်အံ့သြသွားလေသည်..
Gordonမှာရှိနေရမယ့် လူက ဘယ်လိုလုပ်ပြီးဒီဆေးရုံကိုရောက်နေတာလဲ....

"ကိုဒီရဲက ဘယ်လိုလုပ် ဒီီကို"

"မရီးက ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ"

"အနော်အရင်မေးတာလေ"

ကိုဒီရဲမျက်နှာဟာ ပျက်ယွင်းနေပြီး လုံးဝကို မကောင်းတာကြောင့်...

"ကိုကိုကြီးရော ကိုဒီရဲ ...ကိုကိုကြီးရောလို့"

"မရီး"

"မရီး"

ကိုဒီရဲကငိုသံကြီးနဲ့ သော်တာရှေ့ဒူးထောက်ကျသွားကာ..

"မရီး"

သော်တာခံစားချက်တွေမကောင်းဖြစ်လာကာ ရင်ထဲ တုန်လှုပ်လာလေသည်...

"ကိုကိုကြီးရော...ကိုကိုကြီးရောလို့"

"ကိုနေတင်...ကိုနေတင်ကလေ"

@@@@@@@@@@@@@@@@@

ကိုဒီရဲပြောလာသောစကားများကို နားထောင်ပြီးသော်တာကြက်သေသေသွားလေတော့သည်...

"သော်တာလေး အမယ်လေး သော်တာလေးရယ် ဘယ်ကိုပျောက်သွားတာလဲ အစ်မဖြင့်လန့်သွားတာပဲ"

"ဟင် ကိုဒီရဲ"

"အိသဲ နင်တို့ကကော ဘယ်လိုလုပ်ဒီကို   အာ အကုန်ရှုပ်ကုန်ပြီ မရီး..မရီးသတိထားအုံး"

"ကိုကိုကြီးဘယ်မှာလဲ...အနော့်ကိုကိုကြီးဘယ်မှာလဲ ကိုဒီရဲ"
_
_
_
_
_
_
_
"ကိုကိုကြီး''

''ကိုကိုကြီးရေ''

''ကိုကိုကြီး''

''ဟင်''

နားထဲမှာ ပီပီသသကြီး ကြားလိုက်ရတဲ့  သက်ကလေးရဲ့ အသံလေးကြောင့် နေတင်ရဲ့ ကိုယ်ကြီး ဆတ်ခနဲ တုန်သွားရကာ  အသံလာရာဖက်ကို ခေါင်းက ချာခနဲ လှည့်သွားမိတော့သည် .....

⚜️Nay Tin's Love Story⚜️Where stories live. Discover now