Part_48

15.5K 852 48
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_48

"နောက်ဆို ကိုကိုကြီးစကားကို နားထောင်မယ်လေနော် ဒီဆံပင်ဖြောင့်ဖြောင့်ကြီး လုပ်လို့ ဆူပစ်ပါအုံး ကိုကိုကြီးရဲ့ ကိုကိုကြီး မကြိုက်တာကို လုပ်ထားမိတာကို သေချာလေး ထဆူပါအုံး ကိုကိုကြီးရဲ့  အဟင့် ဟင့် ထတော့နော် "

"ဟင် ကိုကို...ကိုကိုကြီး"

မှေးယှက်ကာ ပိတ်ထားသော ကိုကိုကြီးရဲ့ မျက်ဝန်းများ ဖြည်းဖြည်းချင်း ပွင့်လာတာကို သော်တာ သေချာတွေ့လိုက်ရစဥ်......

နှလုံးခုန်တာ ရပ်သွားတော့မတတ် ဝမ်းသာသွားရပြီး

"ကိိုကိုကြီး"

ဆရာဝန်ခေါ်မလို့ လုပ်နေစဉ်မှာပဲ ဒေါက်တာဆက်တို့အဖွဲ့က Round ဖို့ အခန်းထဲကို ဝင်လာတာနဲ့ အချိန်ကိုက် ဖြစ်သွားလေသည်....

"ဒေါက်တာ ကိုကိုကြီး မျက်လုံးပွင့်လာပြီ...သတိရလာပြီ"

"ဟာ ဟုတ်လား ဝမ်းသာစရာပဲ"

ဒေါက်တာဆက်က  ဝမ်းသာအားရ ရှေ့ကို တိုးလာကာ လိုအပ်တဲ့check upတွေလုပ်ပြီးတော့ ကိုကိုကြီးရဲ့ခေါင်းကို MRIပြန်ရိုက်ရမည်ဟုဆိုကာ  ခေါ်သွားလေသည်...

ခဏအကြာမှာတော့ ကိုကိုကြီးက အခန်းထဲကို ပြန်ရောက်လာလေသည်...
ကိုကိုကြီးကို ကိုဒီရဲအပါအဝင်Nurseတွေက သေချာ နေရာချပေးလေသည်..

"ဒေါက်တာ"

"ကိုကိုကြီးရဲ့ အခြေအနေလေး"

"ဟုတ်ကဲ့ တိုးတက်လာတဲ့ အခြေအနေပါပဲ  လုံးဝ ဆုတ်ယုတ်မသွားဘဲ လူနာက တိုးတက်မှု ရှိပါတယ် "

''အဲ နည်းနည်းတော့ ပင်ပန်းမယ်ဗျ  အချိန်တော့ ယူရပါလိမ့်မယ် စိတ်ရှည်ရှည်နဲ့ပြုစုရမယ် ပုံမှန် ပြန်ဖြစ်လာမယ်လို့တော့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်"

"အခုကကော ဒေါက်တာ"

"သူပြန်အိပ်ပျော်သွားတာပါ သူရဲ့Nerveတွေထဲက တချို့က ပုံမှန် အလုပ်မလုပ်နိုင်သေးတဲ့ပုံပဲ ''

'''နောက်တစ်ဆင့် ထပ်တိုးတက်လာဖို့ကအချိန် ဘယ်လောက် ကြာမလဲဆိုတာ ကျွန်တော်ဘက်က အတတ်ပြောလို့မရပေမယ့် ခန့်မှန်းရသလောက်ကတော့ မြန်မှာပါ"

⚜️Nay Tin's Love Story⚜️Where stories live. Discover now