Part_33

18K 750 65
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_33

"ဖြောင်း''

''အ''

နေတင် မျက်လုံးထဲမှာ မီးတွေ ပွင့်သွားရပြီး....

''ခင်ဗျား ဒါဘာလုပ်တာလဲ"

"ငါ့သမီး ငါရိုက်တာ မင်းကဘာကောင်မို့လို့လဲ"

''ဘာကောင်လဲဆိုတော့ သက်သော်တာထွဋ် တရားဝင် လက်ထပ်ထားတဲ့ ယောကျာ်းပဲ''

''သုနေတင်ထွဋ်တဲ့''

''အေး ငါကလည်း ထွဋ်မြတ်အောင်ကွ ဘယ်သူ့မှ ဂရုမစိုက်ဘူး ငါ့မွေးထားတဲ့သမီး ငါ့သဘော''

ပုံရက်ကလေး လဲကျနေရှာတဲ့ သက်ကလေးကို နေတင် အမြန် ဆွဲထူကာ ထွေးပွေ့ထားလိုက်ပြီး....

"ဟာ ခင်ဗျားသဘော ဖြစ်လို့ရမလားဗျ သက်ရှိလေ လူဗျ ကလေးက အသက်ပြည့်ပြီးနေပြီ  ကျွန်တော်တို့ နှစ်ဦးသဘောတူ လက်ထပ်ထားတာ"

''ဟောဒီမှာ လက်ထပ်စာချုပ်''

နေတင်ထုတ်ပြလိုက်တဲ့ စာချုပ် နှစ်စောင်ကို ဦးထွဋ်မြတ်အောင် ဆတ်ခနဲ  ဆွဲယူကြည့်ကာ  အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆွဲဖြဲပစ်လိုက်သည်....

"ပေးစမ်း အဲဒီ စာချုပ်တွေ  ကဲ  ကဲကွာ ""

''ဗြိ''

''ဗြိ''

နေတင်ရင်ထဲမှာ ဆတ်ဆတ်ခါသွားရပြီး....

"ဟာ ခင် ခင်ဗျား"

''ဘာလဲ  ဘာလဲ မင်းကများ ငါ့ကို ဘာလုပ်ချင်သေးလို့လဲ ဒီလို စာရွက်စုတ်လောက်နဲ့များ ငါ့သမီးကို ယူလို့ရလိမ့်မယ်လို့ ထင်နေတာလား ''

''ဒါက လောလောဆယ် လက်ထပ်ထားရုံပါဗျ  ကျွန်တော့ကလေးကို လူကြီးမင်းတို့ဆီမှာ ပြန်အပ်ပြီးရင် မိသားဖသားပီပီ တောင်းရမ်းပြီးတော့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်လုပ်ဖို့ ကျွန်တော် အားလုံး စီစဉ်ပြီးသားပါ''

''အဟက် ကျလည်းကျတဲ့ကောင်ကွာ  တစ်ယောက်ထဲ စိတ်ကူးနဲ့  ရူးပြီး ဖိတ်စာတစ်ခြမ်း လာသေချာနေတယ်''

''ငါက  ငါ့သမီးကို မင်းလိုကောင်မျိုးနဲ့  ပေးစားမယ်လို့ မင်းက ထင်နေတာလား''

⚜️Nay Tin's Love Story⚜️Where stories live. Discover now