Part_23

16.9K 861 39
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_23

ဒီနေ့တော့ မမမေနဲ့အတူ ဆေးရုံသို့မလာနိုင်တဲ့အဖွားတစ်ယောက်အိမ်ကိုသွားရောက်ကုသဖို့ သော်တာက အဖော်အဖြစ်လိုက်ရလေသည်...

ထိုအဖွားအိမ်ကနေ ပြန်အလာ  သော်တာစိတ်ထဲ တစ်လမ်းလုံး လူတစ်ယောက်က လိုက်ကြည့်နေသလိုမျိုး စိတ်က ထင့်နေလေသည်...

"သော်တာ ဘာတွေလှည့်လှည့်ကြည့်နေတာလဲ"

"ဟင် ဘာမှမဟုတ်ပါဘူး မမမေ"

မမမေက နဂိုတည်းက သော်တာကို စိတ်ပူနေတတ်တဲ့သူဆိုတော့ သော်တာသည် ဘာမှမဖြစ်ဘူးဟုငြင်းလိုက်လေသည်....

သော်တာသည် အိမ်ပြန်ရောက်တဲ့အထိ စိတ်ထဲမသိုးမသန့်ဖြစ်နေလေတော့သည်...
စိတ်ထဲဝင်နေသောသံသယများကို မောင်းထုတ်လိုက်ပြီး...

"မမအိသဲရေ  အနော်ကိုကိုကြီးအိမ်ဘက်သွားလိုက်အုံးမယ်နော်"

"ဟင် ကိုနေတင်မှ မရှိတာသော်တာလေးရဲ့"

"သိတယ် ဒါကြောင့် ကလေးနှစ်ကောင်ကို ခဏအချိန်သွားပေးမလို့ သူတို့အဖေမရှိတော့ပျင်းနေရှာမှာ"

"ကြာတော့မကြာစေနဲ့နော် သော်တာလေး သော်တာလေးတစ်ခုခုဖြစ်ရင် အစ်မ ခေါင်းကြိမ်းလို့"

"အင်းပါ မမရဲ့"

သော်တာသည် စကိတ်လေးစီးရင်း ကိုကိုကြီး အိမ်ဘက်သို့ထွက်လာခိုက်...

"ရှင် ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ"

ကိုကိုကြီးခြံတံခါးနား ကုန်းကုန်းကွကွလုပ်နေတဲ့ဟိန်းထက်စံ....

"ငါကဘာလုပ်နေလို့လဲ"

"ရှင်လုပ်နေတာရှင်အသိဆုံးလေ"

"ငါ့ကိုပြောတဲ့ မင်းကရော မင်းနဲ့မဆိုင်တဲ့ သတ်မှတ်နယ်မြေနား ဘာလို့ရောက်လာတာလဲ"

"ဘယ်သူပြောလဲ အနော်နဲ့မဆိုင်ဘူးလို့"

"ဟားးး ဒါက ကိုကြီးအိမ် ပြောရရင် Gordonရဲ့ သွားချင်းတိုင်းသွားလို့မရတဲ့နယ်မြေထဲကတစ်နေရာလေ "

"အင်းလေ အနော်က လာခွင့်ရှိလို့ကိုလာတာ "

"မင်းလို ဆေးအဖွဲ့က ဝန်ထမ်းအဆင့်ကများ"

⚜️Nay Tin's Love Story⚜️Where stories live. Discover now