Part_40

15.9K 815 41
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_40

"သက်ကလေး ဘာလဲဟင် ရှိတာလား မရှိတာလား''

သူမေးတာကို မဖြေပဲ လာမော့ကြည့်နေတဲ့  ရုပ်ကလေးက စိတ်လှုပ်ရှားနေဟန်နဲ့ ချွေးစေးလေးတွေပျံနေကာ မျက်နှာကလေးက နီရဲနေရှာလေသည်....

"ကို  ကိုကိုကြီး''

''ဟင်''

သူ့လက်ထဲကို  ထိုးပေးလာတဲ့ ဆီးစစ်တံလေးမှာ မျဉ်းလေးနှစ်ကြောင်းက ထင်းနေလေသည်...

သူ့ရင်တွေ ဆောင့်ခုန်သွားရပြီး ....

"ဟာ  မိန်းမ ကိုယ့်အသက် "

''ဒါ ဒါဆို ကလေး ရှိနေပြီပေါ့  တကယ်ကြီးပေါ့   ကိုကိုကြီးရဲ့ ကိုယ်ပွါးလေးက သက်ကလေးရဲ့ ဗိုက် ဗိုက်ထဲမှာ အခု ရောက်နေပြီပေါ့လေ''

''ဟုတ်''

''အာဟား ဟားဟား''

''ဟာကွာ ကိုယ့်အသက်ရယ် ''

ကိုကိုကြီးက ပြောရင်းဆိုရင်း သော်တာ့ကိုယ်လေးကို စွေ့ကနဲ ပွေ့ချီကာ ကုတင်ပေါ်ကို  ချီလာလေသည် ....

မလွတ်တမ်း ချီထားပြီး ထိုင်နေရမလို  လှဲချပြီး သိပ်တော့မလိုလိုနဲ့ ဗျာများနေကာ စိတ်လှုပ်ရှားနေမှန်း သိသာလှစွာ လက်တွေပါ တုန်နေရှာလေသည်...

"ကိုကိုကြီး"

''ကိုကိုကြီးလို့''

''ဗျာ ''

''အဟား ကိုကိုကြီး ပျော်လိုက်တာ ပူတူးရယ်  ဘဝမှာ အပျော်ဆုံးရက်က ပူတူးက ကိုကိုကြီးနဲ့ လက်ထပ်လို့ တရားဝင် အကြင်လင်မယားတွေ ဖြစ်သွားတဲ့နေ့ရယ်  ဒီနေ့ရယ်''

''ကျေးဇူးအများကြီး တင်ပါတယ် မိန်းမရယ်  ကိုကိုကြီးရဲ့ဘဝထဲကို ဝင်လာပေးတဲ့အတွက်ရော အခုလိုမျိုး ကိုယ့်ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ပေးတဲ့အတွက်ရော  တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်ကွာ ''

''အားးးး ''

''သုနေတင်ထွဋ် လူဖြစ်ပြီကွ ''

ကိုကိုကြီးက သော်တာ့ကို တင်းနေအောင် ပွေ့ထားပြီး ဟိုးရင်ထဲကနေ ထွက်လာတဲ့ အသံမျိုးနဲ့ အကျယ်ကြီးအော်နေကာ  မျက်ရည်တွေပါ ကျနေရှာလေသည်...

⚜️Nay Tin's Love Story⚜️Where stories live. Discover now