Part_14

17.2K 889 82
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_14

"ဟာ''

''ဦး  ဦးနေတင်''

''အေး ဟုတ်တယ် သုနေတင်ထွဋ်ပဲ သူက ငါတို့ Gordonကလူကွ ဒီနေ့မှ ဝင်းထဲကနေ အပြင်ကို ထွက်ပြီး ဒီနေရာကို ရောက်ဖူးတာ မင်းတို့က ဘာအချိုးချိုးတာလဲ''

''သူက ဒီလောက်ငြင်းနေတဲ့ဟာကို အတူတူပဲတွေ တစ်ဖွဲ့ထဲတွေ လာပြောနေရအောင် လူပုံကို ကြည့်ပြီးမှ ပြောလေ ''

''ဟို အဲ့ အဲဒါက "

''မင်းတို့ဟာလောက်ကို စောက်ဖက်ပြီး ယူနေမယ့်အနေအထား အဆင့်အတန်းမျိုးလားလို့  ကြည့်စမ်း မင်းတို့ သေချာကြည့်စမ်း ''

နာမည်ကြားရုံနဲ့  တစ်မြို့လုံး  လေးစားကြောက်ရွံ့ရတဲ့
သုနေတင်ထွဋ်က ဆိုင်ထဲမှာ ဒေါသတကြီးနဲ့ လာအော်ဟစ်နေတာမို့ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေ မျက်နှာမှာ သွေးတောင် မရှိတော့.....

"တောက်'' 

"မင်းတို့လို အဆင့်ကများ စောက်လူပါးဝလို့''

''သူစီးထားတဲ့ ဖိနပ်တောင် ဘယ်လောက်တန်လဲဆိုတာ မင်းတို့သိလား''

''တောင်း တောင်းပန်ပါတယ် ဦးနေတင် ကျွန်တော်တို့ လုံးဝမသိလို့ ဖြစ်သွားရတာပါခင်ဗျ ဒီသမီးလေးကို သေချာမှတ်ထားပါ့မယ် နောက်ထပ် ဒါမျိုး မဖြစ်စေရပါဘူး"

နေတင် လက်နှစ်ဖက်က ခါးမှာ ထောက်ထားကာ မခိုးမခန့်ပုံမျိုးနဲ့ ခေါင်းမော့ကာ ရယ်လိုက်ရင်း....

"အဟက်''

''လာသေးတယ် ပြောရဲသေးတယ်ကွာ နောက်ထပ်ဖြစ်လို့ ရမလားကွ ဖြစ်ကြည့်လေ စမ်းကြည့်လိုက်လေ မင်းတို့အသည်းတွေ သိပ်ကောင်းနေရင် ထပ်လုပ်ကြည့်လိုက်''

''ဒါမျိုးသာ ထပ်ဖြစ်လို့ကတော့ မင်းရဲ့ဆိုင်စုတ်ကို  ငါက ဇောက်ထိုးဖြစ်အောင် လုပ်ပြီးသားပဲ မှတ်ထား"

အသေးလေးရဲ့လက်ကလေးကို ပိုပြီးတော့ တင်းကြပ်အောင် ဆုပ်ကိုင်ထားလိုက်ရင်း  ဆိုင်ရှင်ရဲ့ မျက်နှာကို တည့်တည့်ကြည့်ကာ....

"ဒါ ငါ့လူ သုနေတင်ထွဋ်ရဲ့လူကွ''

"ဘယ်တော့မှ ဘယ်သောအခါမှ ဘာအကြောင်းနဲ့မှ မထိပါးမိပါစေနဲ့  ဒါပထမဆုံးနဲ့နောက်ဆုံး warning ပဲ ဖြစ်လာရင် ငါ့အဆိုးမဆိုနဲ့''

⚜️Nay Tin's Love Story⚜️Where stories live. Discover now