Part_43

14.7K 785 51
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_43

''ဟုတ် ဟုတ်တယ် ကိုကိုကြီး အနော့်သား  ဟင့် အဟင့် အနော်တို့သားလေး အရမ်းငိုနေလို့"

သော်တာငိုကြွေးနေရင်း  စိုရွှဲလာတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြောင့် အလန့်တကြားထထိုင်ကာ ကြည့်မိတော့ အိပ်ရာခင်းမှာ စိုလူးနေတဲ့ အနီရောင်တွေ....

"ဟင်''

''သွေး သွေးတွေ ''

''ဟာ မိန်းမ''

နေတင် မျက်စိတွေ ပြာဝေသွားပြီး သက်ကလေးရဲ့ မျက်နှာကို အလန့်တကြား ကြည့်လိုက်မိတော့ တုန်လှုပ်ခြောက်ချားနေရှာတဲ့ မျက်နှာလေးနဲ့ သူ့ကို အားကိုးတကြီး  မော့ကြည့်လာကာ ....

""ကိုကိုကြီး"

""သက်ကလေး ''

''ဟို  ဟို ''

''မိန်းမ ဒါ   ဒါ  ဒါက ဘာဖြစ်တာလဲဟင် မဟုတ်ဘူး မဟုတ်ဘူး မဟုတ်လောက်ဘူး မဟုတ်လား''

''အဟင့် ဟင့်  abortion ဖြစ် ဖြစ်ပြီ  ထင်ပါရဲ့ ကိုကိုကြီးရယ် အဟင့် ဟင့်"

''ဟာ''

သက်ကလေးရဲ့ စကားသံက သူနားထဲမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်နှယ်.....

"လာ ကလေး ဆေးရုံကို သွားရအောင်''

ကိုကိုကြီးက သော်တာ့ကို အလျင်အမြန် ကောက်ချီပြီး ဆေးရုံကို ပြေးတော့သည် ....

ဆေးရုံကို ရောက်တော့ သော်တာက သွေးသံရဲရဲ ဖြစ်နေသည့်အပြင် ကိုကိုကြီးကလည်း သွေးရူးသွေးတန်းပုံမျိုးနဲ့ မျက်နှာက ပြင်မရအောင် ပျက်နေရှာတာမို့   ညဂျူတီ ကျနေတဲ့သူတွေ အားလုံး ပျာယာခတ်ပြီး  ဆူညံသွားတော့သည်....

''ဟာ ကိုနေတင်"

''ကိုနေတင်''

''သော်တာလေးက  ဘာဖြစ်  ဟာ''

''ဟာ  ဒါ  Abortion case ''

''မွေးခန်း မွေးခန်းကို  တစ်ခါထဲ ခေါ်လာ''

''ဟာ သော်တာလေး ကံကောင်းတယ် ဒီည မွေးလူနာရှိနေလို့ OG က အခုထိ ဆေးရုံမှာ ရှိနေတုံး''

''လာ လာ ကိုနေတင် ဒီကုတင်မှာ ချလိုက်''

''မြန်မြန်လေး  စမ်းသပ်ပေးပါ ဒေါက်တာ ကျွန်တော့မိန်းမနဲ့ ကျွန်တော့ ကလေးကို ကယ်ပေးပါ ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now