Part _51

16.6K 878 48
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_51

"မဟုတ်မှ လွဲရော သားလေးက မေမေတို့ဆီကို ပြန်လာခဲ့တာလား''

သော်တာ ဗိုက်ကလေးကို ဖွဖွလေး စမ်းသပ်နေရင်း ရင်ထဲမှာ လှုပ်ရှားနေလေသည်....

''လိမ္မာလိုက်တာ သားလေးရယ် မေမေတို့  မမေ့နိုင်မှန်းသိလို့  ပြန်လာခဲ့တာလား "

သော်တာ မျက်ရည်တွေနဲ့  ကြည်နူးစွာ ပြုံးနေမိတော့သည်  ....

ကိုကိုကြီးလည်း အိမ်မက်မက်တယ်ဆိုပြီး ထကြည့်တာဆိုတော့ ကိုကိုကြီးကော သားလေးကို မက်နေတာများလား......

သော်တာ အိပ်ရာထ ရေချိုးပြီး အခန်းထဲကနေ ထွက်လိုက်တော့ ကိုကိုကြီးလည်း သူ့အခန်းထဲကနေ ထွက်လာလေသည်......

''ဟင် ဦးနေ အစောကြီး ရှိသေးတယ်လေ"

''အင်း ငါ အိမ်မက်မက်ပြီးတော့ ဆက်အိပ်လို့ မရတော့လို့'''

''ဟုတ်လား အနော်လည်း မအိပ်ချင်တော့လို့ ထွက်လာတာ ''

''မင်းအိမ်မက်က ဘာတွေ မက်တာလဲ''

''အနော်တို့ရဲ့ သားလေး ပြန်လာတာတဲ့ ''

နေတင် အရမ်း အံဩသွားရပြီး.....

"ဘာ သားလေး ဟုတ်လား မင်းက သားရှိတာလား''

သော်တာ မျက်ရည်တွေ ဝဲလာရင်း ....

"အနော်တို့သားလေးက အပြင်ကိုတောင် မရောက်လာခဲ့ရှာပါဘူး ဦးနေရယ် ပျက်ကျသွားတာလေ''

''ဟင် ''

''ပျက်ကျတာ ပျက်ကျတာ''

သော်တာပြောတာကို ကိုကိုကြီးပါးစပ်က လိုက်ရွတ်နေကာ မျက်နှာက သိသိသာသာ  ပျက်နေရှာလေသည်....

"မင်းဟာကလည်း စိတ်မကောင်းစရာ ကောင်းလိုက်တာကွာ ''

''ငါ့အိမ်မက်ထဲက ကလေးကလည်း ယောကျာ်းလေးပဲ သူ့ကို ငါမသိလို့ စဉ်းစားရ ခက်နေတာ''

သော်တာ အံဩသွားရပြီး....

"ဟင် ကိုကိုကြီး အဲ ဦးနေကကော သားလေးကို မက်တာလား"

''အင်း ဖေဖေ မေမေလို့ ခေါ်ပြီး အိမ်ထဲကို ပြေးဝင်လာလို့  ငါထကြည့်တာ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now