Part_49

19.5K 748 50
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_49

"ဟုတ်တယ် အနော်က 24hours nurse အဲဒါပြီးရင် ဒီအိမ်ရဲ့ ဒရိုင်ဘာ''

''ဟ မင်းက ဘာလဲ ဆယ့်နှစ်မျိုး ဂျင်းသုတ်လား'''

''Yes ''

''ခစ်ခစ်ခစ်''

လက်ကလေးနှစ်ဖက်ကို ခါးနားမှာ ပူးယှက်ထားပြီး ခေါင်းလေး စောင်းငဲ့ကာYes လို့ ပြောရင်း တခစ်ခစ် ရယ်နေတဲ့ nurse ကို နေတင် ငေးခနဲ ဖြစ်သွားရသည်....

သိသိသာသာလေး ကြီးနေတဲ့ ရှေ့သွားလေး နှစ်ချောင်းကြောင့် ယုန်ကလေးနဲ့ တူလှသည် ....

ငေးနေရင်း အထဲကကောင်က ငြိမ့်ငြိမ့်လေး ခုန်လာတာကြောင့် နေတင်လန့်သွားရသည်....

''ကျစ် မရယ်နေလေ"

''ရှင် ဘာဖြစ်လို့လဲ''

''ဟို  အဲ   ဟိုဟာလေ အဲဒါမျိုးတွေ ငါ့မိန်းမ မကြိုက်ဘူး''

သော်တာ ခိုးပြုံးလိုက်ရင်း.....

"ဪ ဦးနေရယ် ရှင့်မလဲ ဘာစကားလေးပဲ ပြောပြော မိန်းမနဲ့စပြီး မိန်းမနဲ့ အဆုံးသတ်တာပါလား''

''ဘာဖြစ်လဲကွ အဲဒါ''

''ဘာမှ မဖြစ်ပါဘူးရှင် ဦးနေက မိန်းမကို အရမ်း ချစ်တာပဲလားဟင်''

နေတင်က မျက်နှာကြီး ချိုအီနေအောင် ပြုံးနေကာ ရင်ဘတ်ကို ဖိထားလိုက်ရင်း.....

"ချစ်တာပေါ့ ငါက ငါ့မိန်းမကို  အရမ်း....ချစ်တာ ဒီထဲမှာတောင် ထည့်ထားချင်တာ သူကလေ တကယ့် ကလေးလေးလိုပဲ စွာတိစာလန် ပေကတ်ကတ်လေး ဘယ်လိုလေးမှန်းကို မသိဘူး''

''သူ့ထက်ချစ်စရာကောင်းတဲ့ မိန်းကလေးတောင် သူ့လောက် ချစ်စရာ ကောင်းမှာ မဟုတ်ဘူး''

''ဟင်'''

''ဒုတ်ဒုတ် ဒုတ်ဒုတ်''

ဒီတစ်ခါ ရင်ဘတ်ကို ဖိထားလိုက်ရတဲ့သူကတော့ သော်တာ ဖြစ်သည်.... ရင်တွေ အကျယ်ကြီး ခုန်နေလိုက်တာများ ရင်ဘတ်ထဲက အသဲနှလုံးက အပြင်ကို ပေါက်ထွက်လာတော့မယ့်အတိုင်း....

သော်တာ အဲဒီလို ဖိထားတာကို ကိုကိုကြီး လာကြည့်နေတော့ သော်တာ ရှက်သွားရပြီး ....

⚜️Nay Tin's Love Story⚜️Where stories live. Discover now