Part_10

17.2K 783 48
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_10

သားနှစ်ကောင်က ခွံ့ကျွေးရတာ အကျင့်ဖြစ်နေတော့ဒီနေ့တော့ စိတ်ရှည်လက်ရှည်ခွံကျွေးနေလိုက်သည်...
Miloကလည်းမနေ့ကဖြစ်ပြီးတည်းကငြိမ်နေကာ Arloအနားအရိပ်တကြည်ကြည်နဲ့နေပေးရှာသည်...
အမျိုးအစားမတူကြတဲ့ခွေးတွေဆိုပေမယ့် သူ့လက်ထဲမှာအတူတူကြီးပြင်းခဲ့တာဖြစ်လို့ နှစ်ကောင်လုံးရဲ့သံယောဇဥ်ကနက်ရှိုင်းလေသည်...
Arloကတော့နေမကောင်းတော့ အစားကသိပ်မစား...

နှစ်ကောင်လုံးကို ခေါင်းလေးတွေပွတ်ပေးပြီး သူလည်းအခန်းထဲဝင်ကာ လှဲအိပ်လိုက်သည်...
လစ်ဟာနေသလိုလို အေးစက်နေသလိုဖြစ်သောခံစားချက်ကြီးက ထူးဆန်းနေတာ မနေ့တည်းက ဖြစ်သည်...
သတိထားမိသလောက် ဆေးရုံကအပြန်မှာဖြစ်သည်...
အိမ်ပြန်ရောက်တည်းက ခန္ဓာကိုယ်က ဘာကို လိုအပ်လို့ လိုအပ်နေမှန်းမသိပဲ အေးစက်နေသလိုဖြစ်နေလေသည်...
မနက်အိပ်ယာနိုးတော့လည်း ခံစားချက်က အရင်လိုမဟုတ်ပဲ တစ်မျိုးတစ်မည်ဖြစ်နေလေသည်....

ဖက်လုံးကိုဖက်ကာဘေးတစ်စောင်းလှဲအိပ်လိုက်တော့..

ဖက်လုံးကို ဖက်ရတာ အားမလိုအားမရဖြစ်နေတာကို သတိပြုမိလေသည်...

"မဟုတ်သေးပါဘူး ဒါ ငါဖက်နေကျ ဖက်လုံးလေ"

ဖက်လုံးကို ကျစ်နေအောင်ဖက်လိုက်သော်လည်း နွေးထွေးမှုမရှိပဲ အေးစက်စက်ခံစားချက်ကြီးဖြစ်နေလေသည်...

မဟုတ်သေးဘူး သုနေတင်ထွဋ် မင်းက အေးတယ် နွေးတယ်တွေနဲ့ ဘာခံစားချက်တွေစဥ်းစားနေတာလဲ....
ခေါင်းကို ခါထုတ်လိုက်ကာ အလုပ်တစ်ခုခုလုပ်ဖို့ ထပြီး အလုပ်ထဲသာအာရုံစိုက်လိုက်လေတော့သည်......
_
_
_
_
_

သားတော်မောင်ကို ဆေးထည့်ဖို့ ဆေးရုံကိုလာတော့ ဟိုကလေးမကို မတွေ့ရ.....
ချီထားသော Arloကိုအောက်ချလိုက်ပြီးဆေးရုံထဲကိုမျက်လုံးကစားလိုက်လေသည်....
သူ့သားလို ကျန်းမာသန်စွမ်းတဲ့ကောင်ကြီးတောင် မထနိုင်ပဲအီနေတာ မဟုတ်လား အသေးလေးကကောသက်သာရဲ့လားမသိ.....

ဆေးရုံထဲ ပတ်ကြည့်သလိုလိုနဲ့ မသိမသာနဲ့ လိုက်ရှာတော့လည်း အရိပ်အယောင်လေးတောင် မမြင်ရတော့ သူတင်းလာရသည်.....

⚜️Nay Tin's Love Story⚜️Where stories live. Discover now