Part_32

22.3K 853 25
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_32

သက်ကလေး ဖြစ်နေပုံကိုကြည့်ပြီး
နေတင်မျက်စိထဲမှာ ကလေးတွေ ကြိုက်တဲ့ စင်ဒရဲလား ကာတွန်းကားထဲက  မိထွေးရဲ့ သမီးနှစ်ယောက် ပွဲတက်ဖို့ ဂါဝန်စကို မပြီး ကော့လန်ကော့လန် လျှောက်နေကြတဲ့ပုံကို မျက်စိထဲ မြင်ယောင်ကာ ကြိတ်ရယ်နေရတာ ဗိုက်တောင် နာနေပြီဖြစ်သည်.....

ဒါဖြင့် အခု သူ့ပုံကကောတဲ့.....

Gordon ရဲ့ အရှင်သခင်ပါလို့ လူတွေက မော်တောင် မကြည့်ရဲအောင် ရှိန်ကြကြောက်ကြရသမျှ  ကိုယ့်အသည်းနှလုံးရဲ့ အရှင်သခင်မလေးနဲ့လည်း တွေ့ရော  အနောက်ကနေ ဂါဝန်စပါ မထားပေးရတဲ့ အဖြစ်.....

"ဟားဟားဟား''

''ဟွန့် သူများကို လာမကြည့်နဲ့နော် ဟိုဖက်ကို လှည့်နေ''

''မကြည့်ပါဘူးကွာ''

ချောင်းထဲကို ရောက်တော့ သော်တာရေထဲကို အမြန် ဆင်းလိုက်ပြီး သန့်ရှင်းရေးလုပ်ကာ ပြန်တက်လာခဲ့သည်....

"ရေထဲက ငါးတွေဘဝကတော့ သွားပါပြီကွာ ''

''ကိုကိုကြီး!!!!'''

''ဟားဟားဟားဟား'''

ခေါင်းကိုမော့လှန်ကာ  အားပါးတရ ရယ်နေတဲ့ ကိုကိုကြီးကို အနော်မျက်စောင်းထိုးလိုက်ပြီး.....

"ကိုကိုကြီးနော် ဘာလို့ သူများကို လာဟားနေရတာလဲလို့''

''ပူတူးကို မဟားပါဘူးကွာ ကိုကိုကြီးက ကိုယ့်ဟာကိုယ် ရီနေတာ''

'''ဘာကိုရီတာလဲ'''

'''ဪ သုနေတင်ထွဋ်က မိန်းမယူလိုက်တာလား ကလေးထိန်းနေရတာလားလို့ 
ဟားဟားဟား'''

''ဟွန့် မရချင်ရင် သူများကို လာမယူနဲ့လေ ပြန်အမ်းလိုက်ရမလား''

'''အာ မလုပ်လိုက်ပါနဲ့ ပူတူးရယ် အဲဒီလို ကလေးလား လူကြီးလား ကလေးလူကြီးလား မသဲကွဲတဲ့  ပိစိညှောက်တောက်လေးကိုမှ  ဒီကကောင်က အရူးအမူးကို ချစ်နေရတာပါလို့''

''အဟင်း ဟင်း'''

ချစ်ရိပ်တွေ ပြည့်လျှံကျနေတဲ့ ကိုကိုကြီးရဲ့ မျက်ဝန်းအစုံနဲ့  ဩရှရှအသံဟာ သော်တာရဲ့ မျက်လုံးထဲ နားထဲကနေ တစ်ဆင့် ရင်ထဲက ဟိုးအနက်ရှိုင်းဆုံး နေရာထိ ရောက်ရှိသွားကာ  ဒီအခိုက်အတန့် ဒီစကား ဒီအဖြစ်အပျက်လေးတွေဟာ သော်တာ့ရင်ထဲမှာ ဘယ်လိုမှ မေ့လို့မရပဲ သံမှိုစွဲနေသလို အမှတ်ရနေတော့မှာကတော့ အသေအချာပင် ဖြစ်သည်....

⚜️Nay Tin's Love Story⚜️Where stories live. Discover now