Part_20

19.1K 890 68
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_20

''ဖုန်းက ဝင်ပေမယ့် မကိုင်ဘူးကွာ မိုးသံလေသံနဲ့  မကြားဘူးထင်တယ်  ကိုယ်သွားခေါ်လိုက်မယ်လေ"

သော်တာ ဦးနေကို  ဖက်ထားလိုက်ရင်း....

"ဟင့်အင်း မသွားပါနဲ့ ''

''ခဏလေးပဲ ကြာမှာလေ ကလေးရယ်''

''ဦးနေ အနော့်နားကနေ ဘယ်မှ မသွားပါနဲ့ ဆို
အဟင့်ဟင့်''

''ဟာ မငိုပါနဲ့  အသေးလေးရယ်  ကိုယ် မသွားတော့ဘူးနော် ဟုတ်ပြီလား"

''အင်း''

ရင်ခွင်ထဲက ကိုယ်လုံးပူပူလေးကို ကျစ်နေအောင် ထွေးဖက်ထားရင်း နေတင် မျက်ရည် ကျရတော့သည် ..

ကိုယ့် အသက်ရယ်.......

ချစ်ရသူကလေး ခံစားနေရရှာတာကို 
နေတင် မကြည့်ရက်လွန်းစွာဖြင့် ရင်ထဲက နာနေရသည်.....

'''အစားလေးနည်းနည်း ဝင်အောင်စားပြီးတော့ ဆေးထပ်သောက်ရနော် ကလေး"

''ဟုတ်''

မုန့်လေးနည်းနည်းဝင်အောင် ကျွေးပြီးတော့  အနည်းငယ်လေး ထူလိုက်ကာ ပါးစပ်ထဲကို ဆေးထည့်ပေးပြီး ရေပါတိုက်လိုက်သည် ....

"ပြန်အိပ်လိုက်နော်ကလေး ခဏနေ သက်သွားမှာ''

''ဟုတ်''

ဆေးဝင်ပြီး သိပ်မကြာလိုက် သူ့လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး  အိပ်ပျော်သွားရှာတဲ့ သူ့ရဲ့ ပူတူးလေး တစ်ကိုယ်လုံးမှာ ချွေးတွေ စိမ့်ထွက်လာတော့မှ သူသက်ပြင်းချလိုက်နိုင်တော့သည်....

အနားမှာတွေ့တဲ့  တဘက်လေးနဲ့ ချွေးတွေကို သုတ်ပေးနေဆဲ အနည်းငယ် လူးလွန့်လာတာမို့....

"ကျွတ် ကျွတ်'' 

ကျောလေးကို အသာအယာ ပွတ်ပေးလိုက်တော့ အိပ်ပျော်သွားပြန်လေသည်....

"ဝေါ ဝရော ဒလိန်း ဒလိန်း ဒိန်း ''

''ဂျိန်း  ''

လေသံမိုးသံတွေ ဆူညံလာပြီး မိုးချုန်းသံကျယ်ကြီး ထွက်လာတော့ အသေးလေးရဲ့ မျက်လုံးလေးတွေက အလန့်တကြား ပွင့်လာပြီး သူ့ကို မော့ကြည့်လာလေသည် ....

⚜️Nay Tin's Love Story⚜️Where stories live. Discover now